Chapter (5)

4.6K 382 5
                                    

ညီလိုတပည့်လိုဖြစ်နေသည့် ဂျူနီယာလေးက စာမေးပွဲအောင်တာမို့ စာလုပ်သည့်အချိန်အတွင်း ကူညီပေးခဲ့သည့်သက်ငြိမ်အေးကိုနေ့လယ်စာဝယ်ကျွေးချင်သည်ဆိုတာနှင့် သက်ငြိမ်အေးလက်ခံခဲ့သည်။ သူတို့ရောက်လာသည့်ဆိုင်က အစားအသောက်ကောင်းသလို နာမည်လည်းကြီးသည်။ အတော်အတန်စျေးမြင့်သည့်နေရာဖြစ်ပြီး ဆိုင်အပြင်အဆင်ကလည်း လှတာကြောင့် ဒီတစ်ပတ်ပိတ်ရက်ရောက်လျှင် ကောင်းကောင်းကိုခေါ်ပြီးလာဦးမှဟု သက်ငြိမ်အေးတွေးမိသေးသည်။ ကောင်းကောင်းဆိုတာ သက်ငြိမ်အေး၏ချစ်သူ ကောင်းသက်တံလင်းကို ခေါ်နေကျနာမည်လေး။

ဆိုင်မှာ သူ့လူနာရှင်၏မိသားစုဝင်နှင့်
ဆုံမိပြီး ထိုကောင်လေးက ဆိုင်ပိုင်ရှင်ဆိုတာသိလိုက်ရသည်။  ထိုကောင်လေးကို သက်ငြိမ်အေးမှတ်မိပါ၏။

ဆီးချိုစစ်သည့်စက်ကို မစစ်တတ်ဟုဆိုကာသူ့ကိုသင်ပြခိုင်းသည့်ကောင်လေးမို့ မှတ်မှတ်ရရဖြစ်နေခြင်းရယ်။

ထိုကောင်လေးက နေ့လယ်စာအတွက် ရှင်းစရာမလိုပါဘူး ဟုပြောလာတော့ သူလက်ခံလိုက်သည်။ အပြန်တွင် "ကျွန်တော်ကအစ်ကို့ကို ကျေးဇူးတင်လို့ ကျွန်တော်ကကျွေးချင်တာကို အခုတော့စီစဥ်ထားသလိုမဖြစ်တော့ဘူး" ဟု ဝမ်းနည်းစွာဆိုလာသည့် ဂျူနီယာလေး၏စကားကို "နောက်တစ်ခါမှပေါ့" ဟုပြန်ပြောကာ သူနှစ်သိမ့်လိုက်ရသေးသည်။

ဆေးရုံပြန်ရောက်သည့်အခါ သူကျန်ခဲ့သောဖုန်းကိုရှာလိုက်ပြီး facebookထဲဝင်လိုက်သည်။ friend requestပို့ထားသည့် Shin Nay accountကိုသူလက်ခံလိုက်သည်။ သူ့facebook accountကို ဘယ်လူနာရှင်မှလာမတောင်းဖူးဘူး။ ဒီကောင်လေးကတော့ ထူးထူးခြားခြားပါပဲ။

ကောင်းကောင်းဆီက ပြန်စာလည်းရောက်နေတာမို့ သူဝင်ဖတ်လိုက်သည်။

/ဟုတ်ကိုကို ကျွန်တော်စောင့်နေမယ်... ဒီနေ့အတွက်လဲဖိုက်တင်း/

ဆိုသည့်စာလေးကြောင့် သက်ငြိမ်အေးမှာအပြုံးပီတိဂွမ်းဆီထိရပြန်သည်။

ကောင်းကောင်းက သက်ငြိမ်အေးအရိပ်တကြည့်ကြည့်ဖြင့် တစ်ဖက်သတ်ချစ်ခဲ့ရသည့်အချစ်ဦး။  ဒီတစ်သက်တော့မဖြစ်နိုင်တော့ဘူးထင်ရဲ့လို့ စိတ်လျှော့ပြီးခါမှ ကောင်းကောင်းကသူ့ကိုလက်ခံလိုက်သည်မို့ ပျော်ခဲ့ရတာ မနေ့တစ်နေ့ကလိုပါပဲ။ အခုဆို သူတို့နှစ်ယောက်၏ ချစ်သူသက်တမ်းက ၃နှစ်ကျော်ခဲ့ပြီ။

ချစ်ရေစက်Where stories live. Discover now