Extra Chapter

3.3K 210 6
                                    

"ကိုယ့်အသက်ရေ"

"ကိုယ့်အသက်"

အိမ်နောက်ဖေး အုတ်ကန်မှာ စောင်နဲ့အိပ်ရာခင်းများ လျှော်နေတဲ့ သက်ငြိမ်အေးသည် ဤခေါ်သံကြောင့် ပြုံးမိသွားသည်။ ကားသံကြားတည်းက ရှင်နေမင်းတစ်ယောက် ပြန်လာမှန်းသိပေမဲ့ ဇလုံထဲခြေထောက်နင်းထားပြီးသားမို့ အပြင်ထွက်မကြိုမိခြင်းဖြစ်သည်။

အိမ်ထဲကိုဝင်လာတဲ့ ခြေသံများကိုကြားသော်လည်း သက်ငြိမ်အေးသည်ပြန်မထူးဘဲ ငြိမ်နေမိသည်။ လှေကားပေါ်ကိုနင်းတက်သွားတဲ့ ခြေသံမတိုးမကျယ်။ သက်ငြိမ်အေးသည် ပြုံးတုံ့တုံ့ဖြင့်သာ စောင်ထည့်ထားတဲ့ ဇလုံကိုဆက်နင်းနေမိသည်။

လှေကားကနေဆင်းလာတဲ့ ခြေသံကိုတစ်ဖန်ပြန်ကြားရသည်။

"ကိုယ့်အသက်က ဒီမှာကိုး"

နောက်ကျောဘက်ဆီက ညင်သာသောအသံ။ ရှင်နေမင်းက သူ့ကိုရှာတွေ့သွားပြီပဲ ဖြစ်သည်။

သက်ငြိမ်အေးသည် နောက်ကိုလှည့်ကြည့်လိုက်သည်။ တစ်လျှောက်လုံးပြုံးထားမိတဲ့ မျက်နှာသည် ကျေနပ်ခြင်းအပြည့်နဲ့။ ရှင်နေမင်းက သူ့အနားကိုခပ်မြန်မြန်ပဲရောက်လာသည်။

သက်ငြိမ်အေးရဲ့ လက်မောင်းတွေကိုထိန်းကိုင်ပေးရင်း ပွစိပွစိပြောလာသည်။

"ဘာလို့လျှော်နေတာလဲဗျာ။ ကျွန်တော်အလုပ်နားမှ လျှော်ပါမယ်ဆိုနေ။ လဲစရာအခင်းအသစ်တွေလည်း ရှိရက်သားနဲ့"

"ကလေးလေးပင်ပန်းမှာစိုးလို့"

ရှင်နေမင်းက သက်ငြိမ်အေးမျက်နှာကို စေ့စေ့ကြည့်လာသည်။ အတူနေလာတာ ကြာတာတောင် သက်ငြိမ်အေးမှာအခုလိုအကြည့်စူးများအောက်မှာ ရင်ခုန်နေရဆဲဖြစ်သည်။ မိမိနှလုံးသား၊ မိမိဘဝတစ်ခုလုံးကို ပိုင်စိုးထားတဲ့ရှင်နေမင်းသည် အခုလည်းပဲ အကြည့်များနဲ့သက်ငြိမ်အေးကို ညှို့ယူနေပြန်သည်။

"ရှင်နေမင်း"

ရုတ်တရက်ကြီးမြောက်တက်သွားတဲ့ ခန္ဓာကိုယ်သည် ရှင်နေမင်းရဲ့လက်မောင်းတွေကြားထဲမှာ။ ခါးကနေချီမထားတာမို့ သက်ငြိမ်အေးခြေထောက်တွေသည် စိမ်ထားတဲ့ရေဇလုံထဲကနေ လွတ်ထွက်သွားရလေပြီ။

ချစ်ရေစက်Where stories live. Discover now