Chapter (23)

4.6K 401 27
                                    

လူတွေဟာအသည်းကွဲလျှင် ဘာလုပ်ကြပါသလဲ။ ရှင်နေမင်းမှာတော့ အသည်းကွဲဖူးသည့် အတွေ့အကြုံများများစားစား မရှိပါ။ ဒီတစ်ယောက်နှင့်မှသာ ကွဲဖူးခြင်းဖြစ်ပြီး အတွေ့အကြုံနုနယ်သောနှလုံးသားဟုပင် ပြော၍ရသည်။ ပထမဆုံးအကြိမ်ကနှလုံးသွေးပျက်မတတ် ခံစားရပြီးအသည်းခိုက်မတတ်နာကျင်ရပါသည်ဆိုလျှင် အခုဒုတိယအကြိမ်မှာတော့ သူ့နှလုံးသွေးတွေ ကုန်ခန်းကာရစရာမရှိအောင် စုတ်ပြတ်သွားရခြင်းပင်။

သက်ငြိမ်အေးမှာ ချစ်သူရှိတယ်ဆိုသည့် အဖြစ်မှန်ကိုသိစဥ်ကထက် သူ၏လက်ရှိ
အခြေအနေကပိုဆိုးလေ၏။ သံယောဇဥ်၊ မျှော်လင့်ချက်၊ ရင်းနှီးကျွမ်းဝင်မှု၊ အချိန်နှင့် နှလုံးသားတစ်ခုလုံးမြှုပ်နှံထားခဲ့ပြီးပြီ မဟုတ်ပါလား။ ဒီတစ်ခါလွဲလျှင်ဖြင့် တစ်ဘဝလုံးစာအတွက် ဒဏ်ရာအနာတရဖြစ်ပြီဆိုတာ သူအသိဆုံးပင်။

လူတွေဟာ အသည်းကွဲလျှင် ဘာလုပ်ကြသလဲ။ ရှင်နေမင်းကတော့ဖြင့် မျောက်တွေကိုထိုင်ကြည့်နေရသည်။
ဟုတ်တယ် အမှန်တကယ်ကိုမျောက်တွေကို ထိုင်ကြည့်နေခြင်းပင်။ ပုပ္ပါးတောင်ကလပ်၏ တောင်ထိပ်သည်ကား လေတဖြူးဖြူးရှိလှသည်။ အဝေးမှစိမ်းစိုသော ရှုမျှော်ခင်းများသည် မြင်ကွင်းထဲတွင် လှပစွာနေရာယူထားသည်။ရှင်နေမင်းသည် ထိုရှုခင်းကိုအမောဖြေရင်း ထိုင်ကြည့်မိနေသည်မှာ အချိန်အတန်ကြာ။ မျောက်များသည် သူတို့ဘေးနားကနေ ဖြတ်သွားတတ်ကြသည်။ မောလာလျှင် ခဏအနားယူလိုက်နှင့် တဖြည်းဖြည်းချင်းတောင်ထိပ်ထိ ရောက်လာသောအခါ ပင်ပန်းမှုများနှင့်
တန်အောင်ကို လှပညှို့ယူနိုင်လွန်းသည့် ရှုခင်းများကစောင့်ကြိုနေသည်၊

လက်ထဲကိုင်လာသော nutriboost စတော်ဘယ်ရီဘူးကို တစ်ကျိုက်တည်းမော့သောက်လိုက်သည်။ ချိုချဥ်ချဥ်အရသာက သူ၏မောပန်းနွမ်းနယ်မှုများကို အထိုက်အလျောက်လျော့ပါးသက်သာစေသည်။

ရှင်နေမင်းသည် ဒီနေရာကိုဗြုန်းစားကြီးရောက်လာရခြင်းဖြစ်သည်။ အစတည်းက အလုပ်ကိစ္စစကားဆိုထားပြီးဖြစ်ပေမဲ့ သက်ငြိမ်အေးဆီကနေအငြင်းခံရပြီး နောက်နေ့သွားရမည်လို့တော့ မထင်ထားခဲ့။ အကြောင်းကြောင်းကြောင့် ရက်ကိုရှေ့တိုးလိုက်ခြင်းဖြစ်သည်။ သူ့အလုပ်က ပုပ္ပါးတောင်အနီးတဝိုက် ရေမြေသဘာဝကိုရိုက်ပေးရမည်။ အနီးမှာဖွင့်ထားသော resortတွေ၏အခြေအနေကို ရိုက်ပေးရမည်။ ဖွင့်ထားသည့် resortများကပုပ္ပါးတောင်၏ သဘာဝပတ်ဝန်းကျင်ကိုအနှောင့်အယှက်် ဖြစ်မဖြစ်စစ်ဆေးရန် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရန် အထက်ကိုတင်ပြရမည်ဖြစ်သည်။ တာဝန်ရှိလူကြီးများနှင့် သူ့လိုfreelance photogtapherနောက်တစ်ယောက်လည်း အဖွဲ့ထဲတွင်ပါသည်။

ချစ်ရေစက်Where stories live. Discover now