Chapter (8)

4.2K 347 11
                                    

ရာသီဥတုကကိုယ့်ဘက်မပါသော
နေ့ရက်များကို ဖြတ်ကျော်နေရတာမို့ ရှင်နေမင်းသည် စိတ်ညစ်နေသည်။ ဆိုင်နှစ်ခုလုံးက လချုပ်စာရင်းတွေကို မန်နေဂျာနှင့်ပြန်စစ်၊ဆိုင်မှာအသစ်ထည့်မည့် menuကိုဆွေးနွေးအကြံပေး၊ menuအသစ်ပြန်လုပ်တာ၊ဈေးနှုန်းတွေပါပြန်ညှိရတာနှင့် အလုပ်တွေကဇယ်ဆက်သလို။ အမေ့အိမ်ကိုလည်း မပြန်နိုင်။ သက်ငြိမ်အေးလာမည့်အချိန် သုံးနာရီမှာလည်းရအောင်မသွားနိုင်။

အလုပ်တွေပြတ်သွားသည့်အချိန်ရောက်တော့ သူအရင်လိုပဲအသက်ရှူချောင်သွားပြီ။ နေ့လည်ဆိုင်လူပါးသည်ဆိုကာ ၁၅လမ်းအိမ်ကို သွားနေလိုက်သည်။ အရင်ကဆို အခန်းထဲအောင်းပြီး ဂိမ်းဆော့ချင်ဆော့နေ မဟုတ်လျှင်လည်းရိုက်ထားသည့် ပုံတွေထိုင်editနေမှာ ဆိုပေမဲ့ အခုကျ စိတ်အေးလက်အေးထိုင်မနေနိုင်သည့် အခြေအနေဆိုတော့ ခြံထဲဆင်းလမ်းလျှောက်လိုက် အပင်တွေရေလောင်းလိုက်ဖြင့် ဂနာမငြိမ်။ နောက်ဆုံးတော့ဧည့်ခန်းမှာပဲ ထိုင်ကာစာအုပ်ဖတ်ဖို့တွေးလိုက်သည်။ သူ့အဖေ၏စာအုပ်စင်က စာအုပ်တစ်အုပ်ကိုယူလိုက်သည်။ နန္ဒာသိန်းဇံ၏ မနက်ဖြန်များကိုဖြတ်သန်းနေသောစိတ်ကူးများ ဆိုသည့်စာအုပ်ကို ဖတ်ရင်း စိတ်ကိုအာရုံလွှဲထားရသည်။ သူ့အမေသုပ်ကျွေးထားသည့် ပဲကြာဇံသုပ်
နှင့်ရေနွေးကြမ်းကို သောက်ရင်း သူစောင့်နေလိုက်သည်။

သို့ပေမဲ့ သုံးနာရီထိုးချိန်မှာတော့ ရှင်နေမင်းမှာ အိမ်ပေါက်ဝကိုလှမ်းကြည့်ရင်း တမျှော်မျှော်ဖြစ်လာသည်။ စက္ကန့်နှင့်
အလိုက် သူစိတ်မငြိမ်ကာလက်ထဲကစာအုပ်ကိုပင် မကြည့်နိုင်တော့ဘဲ အိမ်တံခါးဝကိုသာ လှမ်းကြည့်နေမိတော့သည်။

သုံးနာရီခွဲချိန်မှာတော့ ဒေါက်တာသက်ငြိမ်အေးရောက်လာသည်။

လေပြည်လေညင်းတိုက်ခတ်သွားချိန် သူ့အမေစိုက်ထားသည့် သနပ်ခါးပန်းပင်မှ မွှေးကြူသောရနံ့ကို ရလိုက်သည်။
ပြီးတော့ သက်ငြိမ်အေးကို ကိုယ်တိုင်တံခါးဖွင့်လို့ သွားကြိုလိုက်သည်။
သက်ငြိမ်အေးက အိမ်ပေါက်ဝမှာရပ်ကာ ဆီးကြိုနေသည့် ရှင်နေမင်းကို တစ်ချက်ကြည့်လာသည်။ ဘာစကားမှတော့မဆို။

ချစ်ရေစက်Where stories live. Discover now