Chapter (2)

7.3K 515 6
                                    

အချိန်တော်တော်ကြာ တောင့်တောင့်ကြီးရပ်ကြည့်နေသည့် ရှင်နေမင်းမှာ ထိုဆရာဝန်၏အသံကြားမှ အသိပြန်ဝင်လာတော့သည်။

"ညီလေး လူနာလာကြည့်တာပါ"

"အာ ဟုတ်ကဲ့ ဝင်ပါဆရာ"

ထိုအခါမှ ပျာပျာသလဲ တံခါးဝရှေ့မှာပိတ်ရပ်ထားမိသည့် သူ့ခန္ဓာကိုယ်ကို ဘေးဘက်ကိုရွှေ့ပေးလိုက်သည်။ ဆရာဝန်ကသူ့ကိုကျော်ကာအခန်းထဲကိုဝင်သွားသည်။

"အဆင်ပြေရဲ့လားအဒေါ်"

အခန်းထဲဝင်ဝင်ချင်း ထိုဆရာဝန်ကလူနာခုတင်ကိုတန်းသွားကာ အမေ့ကိုနှုတ်ဆက်သည်။

"ဟုတ်ပြေပါတယ် ဆရာရယ်... ညကတော့နာမှာစိုးလို့ဆိုပြီး ဆရာမတစ်ယောက်ကဒုံးကျည်လာထည့်ပေးသွားတယ်"

"ဟုတ်အဒေါ် ကျွန်တော်အခုဆီးချိုစစ်ပေးမယ်နော် ၈နာရီလောက်ကျဆရာကြီးလာကြည့်လိမ့်မယ်အဒေါ်"

သူ့အမေမျက်နှာက သိပ်ပြီးအားရစရာမရှိပေ။ အရင်လိုကြည်လင်ဝင်းပရွှင်ပျလာဖို့ ဆေးရုံဆင်းပြီးနောက်ပိုင်းသေချာလေးဂရုစိုက်ပေးရမည်။ ဒါပေမဲ့ အကျိတ်ကိုခွဲထုတ်လိုက်ပြီဆိုသောအသိနှင့် အမေသည်စိတ်အေးသွားပုံရ၏။

သူ့အမေနှင့် စကားပြောနေသည့် ထိုဆရာဝန်၏အသံက ခပ်အေးအေး။ မျက်နှာကပြုံးပြမနေဘဲ ခပ်တည်တည်သာ။ သို့ပေမဲ့အကြည်ဓာတ်တစ်ခုကိန်းဝပ်နေသည့်အလား ရှင်းသန့်ကြည်စင်နေ၏။ ရှင်နေမင်းသာ လူနာဆို ဆရာဝန်မျက်နှာမြင်ရုံနှင့်ရောဂါတွေအရှင်းပျောက်ပြီး ချက်ချင်းပဲဆေးရုံကဆင်းနိုင်သွားလောက်မည်။

သူ့အာရုံ သူ့အကြည့်တွေက ဆရာဝန်ဆီမှာပဲကျောက်ချနေမိသည်။  သူ့အဖြစ်ဟာဆေးမိထားသည့်သူလို။တစ်သက်နှင့်တစ်ကိုယ် ဤမျှအထိညှို့ယူဖမ်းစားနိုင်ပြီး သူ့ကိုတွေဝေမိန်းမောအောင်လုပ်နိုင်သူကို ပထမဆုံးတွေ့ဖူးတာပဲ။ လက်ရှိပစ္စုပ္ပန်ကိုရော လုပ်နေသည့်အလုပ်တွေကိုပါ အကုန်မေ့သွားလောက်အောင်ထိ လွှမ်းမိုးထားနိုင်သည်။

"သား မနက်စာသွားဝယ်မှာဆို"

"အာ ဟုတ်တယ်  ဟို ကျွန်တော်သွားလိုက်ဦးမယ်"

ချစ်ရေစက်Where stories live. Discover now