Chapter (4)

5K 419 11
                                    

အကယ်၍များ သက်ငြိမ်အေးကို သဘောမကျမိခဲ့ဘူးဆိုလျှင်....

ရှင်နေမင်း၏ နေ့ရက်တွေကပုံမှန်လိုပဲ ဖြစ်နေပါလိမ့်မည်။

ဒါပေမဲ့ အခုကရော....

သက်ငြိမ်အေးကိုသဘောကျမိပြီးနောက်ပိုင်း ဘဝနေ့စဥ်ဖြစ်စဥ်များ ထူးထွေပြီးပြောင်းလဲမသွားပေမဲ့ ရင်ခုန်သံနှင့်အတွေးတို့ကတော့ ပြောင်းလဲသွားရသည်။

မျှော်လင့်ခြင်းတွေဖြစ်တည်လာပြီးလျှင်
ရှင်သန်ရသည့် နေရက်တွေက အဓိပ္ပာယ်ရှိလာသည်။ သက်ငြိမ်အေးဟု ခေါင်းစဥ်တပ်ထားသည့် အတွေးတွေကတောင် ဒီလောက်ချိုမြိန်နေခဲ့လျှင် သက်ငြိမ်အေးအတူပါဝင်ဖြစ်တည်လာမည့် နေ့ရက်တွေဆို ဘယ်လောက်တောင် လှလိုက်မလဲ။
သက်ငြိမ်အေးက သူ့အတွက်နွေဦးမှာပွင့်သည့်ပန်းတွေနှင့် အလားသဏ္ဌာန်တူသည်။ ရှုမြင်ရတာနှင့်တင် ချမ်းမြေ့ပျော်ရွှင်စေသောဖြစ်တည်မှု။ စိတ်နှလုံးကိုကြည်သာဝမ်းမြောက်စေနိုင်သော အလှတရား။ သက်ငြိမ်အေးကိုချစ်ရခြင်းက သူ့အတွက်အေးချမ်းမှုကို ရင်မှာထွေးပိုက်ထားရသည့်နှယ်။

~နေမင်းရဲ့အလင်းရောင်သည်လည်း
မနေ့ကနဲ့မတူ မနေ့ကလိုမပူတော့ပြီ
အားသစ်အင်သစ်တွေဆောင်ကြဥ်းပေး
ခဲ့လို့ငါသည်
အချစ်အတွက်တစ်ဖန်မွေးဖွားခဲ့ပြီ။

ငါ့နှလုံးသားတစ်ချက်ခုန်လိုက်တိုင်း
လည်း မနေ့ကနဲ့ကွာ
မနေ့ကလိုမနာတော့ပြီ
သူ့မျက်နှာခဏမြင်လိုက်တည်းကစပြီး
ငါသည်..
အချစ်အတွက်တစ်ဖန်မွေးဖွားခဲ့ပြီ~

ဖုန်းထဲမှာ သီချင်းတွေကိုshuffle ဖြင့်ဖွင့်ထားရာကနေ စိုင်းထီးဆိုင်၏ အချစ်အတွက်တစ်ဖန်မွေးဖွားခြင်း သီချင်းရောက်လာသည်။ နားထောင်နေကျသီချင်းတို့ကပင် ခံစားချက်တို့ရောပြွမ်းနေကာ နားထောင်ရသည့်အရသာပင်မတူတော့။ သက်ဝင်ခံစားရင်း တိုးတိုးလေး ဆိုညည်းမိသော သီချင်းသံစဥ်များအကြား နှလုံးသားကိုစည်းချက်မှန်မှန်ခုန်အောင် ခိုင်းစေနေသူသည် သက်ငြိမ်အေးဖြစ်လာသည်။

သက်ငြိမ်အေး၏မျက်တောင်တစ်ခတ်လေးကတော့ သူ့နှလုံးသားကိုအရှိန်ပြင်းပြင်းခုန်စေသည့် အဓိကတရားခံ။

ချစ်ရေစက်Where stories live. Discover now