"ထိပ်တန်းမင်းသမီးတု" ဟူသောစကားတွင်'ထိပ်တန်း' ဟူသော စကားလုံးကို အလေးအနက်ထား ပြောခဲ့သည်။ ယဲ့ကျင်းအန်းသည် မျက်ခုံးပင့်ကာ အနည်းငယ် ပြုံးလိုက်ပြီး "ဒီနေ့ အခင်းအကျင်းထဲက မထွက်နိုင်ဘူးလား၊ ကြည့်ရတာ အရမ်းခက်ခဲတယ်"
ယဲ့ကျင်းအန်း ၏ သန့်ရှင်းသော ဝိုင်နှင့်တူသော အသံသည် နားထောင်သူများကို မူးယစ်စေနိုင်သည်။ ထိုအချိန်တွင် သူ့အသံသည် နူးညံ့ပျော့ပျောင်းပြီး နှလုံးသားအောက်ခြေသို့ လွင့်ပျံသွားသကဲ့သို့ တချိန်တည်းတွင်နာကျင်စေသည်။
"အိုး" တုယွီရှု ပြုံးလိုက်သည်။ သူမ၏ မျက်နှာအသွင်အပြင်သည် အလွန်စွဲမက်ဖွယ်ကောင်းသည်။ သူမ ပြုံးလိုက်သောအခါတွင် ဖော်မပြနိုင်သော နူးညံ့သိမ်မွေ့မှုတစ်ခု ရှိနေသည် "ဟုတ်တယ်၊ ဒါပေမယ့် မနေ့က ရုပ်ရှင်ဧကရာဇ်ယဲ့က တကယ်ကို ကောင်းတယ်။ ရှင်ရိုက်ကွင်းကထွက်သွားတဲ့အချိန် ပန်းလေးတစ်ပွင့်လို ပြုံးထားတာ တကယ်လှတယ်။"
ယဲ့ကျင်းအန်း၏အမူအရာမှာ အနည်းငယ် နစ်မြောသွားပြီး သူက ပေါ့ပေါ့ပါးပါး ရယ်မောလိုက်ကာ "သဘာဝကျကျ၊ ကျွန်တော်က ထိပ်တန်းမင်းသမီးတုနဲ့ တခြားသူတွေကို အံ့အားသင့်သွားစေလောက်တဲ့အထိ ဆွဲဆောင်မှု မရှိနိုင်ပါဘူး"
တုယွီရှုသည် သူမလက်သည်းများကို လက်ဖဝါးထဲသို့ ညစ်လိုက်ကာ ပေါ့ပေါ့ပါးပါး ရယ်မောလိုက်ပြီး "ရုပ်ရှင်ဧကရာဇ်ယဲ့ရဲ့ ထူးချွန်ပြောင်မြောက်တဲ့ သရုပ်ဆောင်စွမ်းရည်ကို ကျွန်မကဘယ်လိုလုပ်ယှဉ်နိုင်မှာလဲ"
ယမ်းမှုန့်နံ့ကို မိုင်ထောင်ချီအကွာအဝေးကအထိ ရရှိနိုင်သည်။ ဝမ်ကျဲ နှင့် ဝေ့မင်သည် တစ်ယောက်ကို တစ်ယောက် ကြည့်ကာ ပြုံးပြလိုက်သည်။ ခပ်ဝေးဝေးကနေ သူတို့နှစ်ယောက်ကို ဆွဲထုတ်ပြီး စတူဒီယိုထဲကို ဝင်သွားကြတယ်။
ဝမ်ကျဲ ငိုလုမတတ်ပင်။
ဒီနေ့ ဒါရိုက်တာကျန်း က တုယွီရှုကို ထုတ်ပစ်လောက်တယ်လို့ သူမမှာ သတိပေးချက်ရှိတယ်။
သူတို့ စတူဒီယိုထဲကိုတောင် မဝင်ရသေးဘူး ရန်ကစဖြစ်နေပြီ။ ချစ်စရာကောင်းတဲ့ စုံတွဲလို သရုပ်ဆောင်နိုင်လိမ့်မယ်လို့ သူမ မထင်ပါဘူး။
YOU ARE READING
မင်းလည်းငါ့ကိုကြိုက်နေတယ်ဆို《ဘာသာပြန်》
RomanceTitle - I Heart you like me too {聽說你也喜歡我} Total - 56 Episode + 6 Side storie Author - 夢千航 NOT MY WORK JUST TRANSLATION CREDIT TO ORIGINAL AUTHOR AND ENGLISH TRANSLATOR.