PART 24✨🟫

472 72 0
                                    

"မကြောက်နဲ့၊ ငါ့ကို ဒီတစ်ကြိမ်ပဲယုံကြည့်နော်"

ယဲ့ကျင်းအန်း၏ အသံသည် ပျော့ပျောင်းပြီး ဆွဲဆောင်မှုရှိ​နေသောကြောင့် တုယွီရှု မတ်တပ်ထရပ်လိုက်သည်။

သို့သော် သူမ မတ်တပ်ထရပ်လိုက်သည်နှင့် တုယွီရှုသည် မျက်လုံးမှိတ်လိုက်သည်။

ချားရဟတ်သည် တဖြည်းဖြည်း မြင့်တက်လာပြီး ပူနွေးသော နေရောင်ခြည်သည် လူနှစ်ယောက်၏ ခန္ဓာကိုယ်ကို ကျရောက်လာသည်။ ယဲ့ကျင်းအန်းသည် သူတို့ကြားတွင် လုံခြုံသောအကွာအဝေးကိုထားကာ မျက်လုံးများကို တင်းတင်းမှိတ်ထားသည့် တုယွီရှုကို ဂရုတစိုက် ဆုပ်ကိုင်​ပေးထားသည်။ သူက အရှုံးမပေးဘဲ နွေးထွေးပြီး ကြင်နာသော အသံနဲ့ ထပ်ခါတလဲလဲ "ဘာမှမကြောက်နဲ့၊ ငါမင်းရဲ့ဘေးမှာ ရှိနေတယ်၊ ​​ငါ့ကိုယုံကြည့်"

"မျက်လုံးဖွင့်ပြီး ကောင်းကင်ပြာကြီးကို ကြည့်လိုက်၊ မင်းနဲ့ အရမ်းနီးနေတယ်၊ အရမ်းနွေးထွေးပြီး တောက်ပနေတယ်" ဟု ယဲ့ကျင်းအန်းက ညင်သာစွာ တိုက်တွန်းခဲ့သည်၊ "ဒဏ္ဍာရီထဲမှာ နေနဲ့ နီးနေရင် ကိုယ်တမ်းတတဲ့အရာတွေကိုမြင်ရတယ်တဲ့"

"မျက်လုံးဖွင့်ပြီး အတူတူကြည့်ကြမယ်လေ"

တုယွီရှူ၏ ခန္ဓာကိုယ်သည် မလိုလားစွာ တုန်လာပြီး သူမ၏ မျက်လုံးများတွင် မှတ်ဥာဏ်တစ်ခု ပေါ်လာသည်။ အဖြူရောင်ဝတ်စုံဝတ်ထားသောကောင်မလေးတစ်ယောက်က ဝမ်းပန်းတနည်းငိုယိုကာ သူမကိုခေါ်မသွားရန်တောင်းဆိုနေသည်။ သူမ​နောက် ငိုနေတဲ့ကောင်လေးပြေးလာတာကိုမြင်နေရပြီး နောက်တော့ထိုကောင်လေးသည် လဲကျသွားသည်။ သူမမြင်နေရသည်များမှာ နီရဲတောက်ပသောသွေးများသာ...

"ငါ မင်းနဲ့ အတူရှိနေတယ် ယွီရှု"

"ငါမင်း​ဘေးမှာရှိနေတယ်၊ ငါ့ကို ဒီတစ်ခေါက်လောက်တော့ ယုံပေးပါလား"

"ယွီရှု၊ ငါ့ကိုယုံပေးနော် ကောင်းပြီလား?"

ယွီရှု....

တုယွီရှု ရုတ်​တရက်​ မျက်​လုံးဖွင့်​လိုက်​ပြီး "ကောင်းပြီလေ" ဟု ညင်​သာစွာ​ပြောသည်​။

မင်းလည်းငါ့ကိုကြိုက်နေတယ်ဆို《ဘာသာပြန်》Where stories live. Discover now