"ဒါက တကယ့်ကို ရှားရှားပါးပါး မြင်ကွင်းပဲ" ယောက်ျားလေးတစ်ယောက်၏ အသံနိမ့် ထွက်လာသည်။ တုယွီရှုသည် ထိုအသံကိုနားထောင်ရင်း တောင့်တင်းစွာ ပြုံးနေသည်၊"တုယွီရှုကလည်း လူသားတစ်ယောက်ပဲ"
ထိုလူက ခေတ္တရပ်ကာ လှောင်ပြောင်သရော်သည့် အသံကို တိုးကာ "မင်း ငိုနေတာလား"
ဤစကားသည် တုယွီရှု ၏ မိမိကိုယ်ကို လေးစားမှုကို တိုက်ရိုက်ထိခိုက်စေခဲ့သည်။ သူမသည် ခေါင်းကို လှည့်ပြီး သူမ၏ မျက်လုံးများမှ အေးစက်သော ဒေါသကို ထုတ်ပြကာ "ရှပ်ရှင်ဧကရာဇ်ယဲ့ ရှင့်ရဲ့ မျက်လုံးတွေကို စစ်ဆေးသင့်နေပြီ"
ယဲ့ကျင်းအန်းက သူမကို ခပ်ဖျော့ဖျော့ပြုံးပြပြီး "ဒါဆို မင်းမျက်လုံးက ဘာဖြစ်နေတာလဲ?"
တုယွီရှု အေးခဲသွားပြီး မသိစိတ်က သူမမျက်လုံးတွေကို ထိလိုက်တယ်။ မျက်စိတစ်မှိတ်အတွင်းမှာပဲ ယဲ့ကျင်းအန်း ဟာ သူမအနားကို ရောက်ရှိလာပြီး ကျဉ်းမြောင်းသော ဘေစင်ကြားထဲပိတ်ထားလိုက်ပါသည်။
အလွန်နီးကပ်စွာ ရပ်နေကြသဖြင့် တုယွီရှု မှာ စိတ်မသက်မသာဖြစ်နေသည်။
ယဲ့ကျင်းအန်း သည် ပြီးပြည့်စုံလုနီးပါးပုံစံဖြင့် သူမရှေ့တွင် ရပ်နေသည်။ သူမသည် မေးစေ့အောက်သို့ စီးကျလာသော ရေများကို ရှင်းရှင်းလင်းလင်း မြင်နေရပြီး သူ၏ နွေးထွေးသော အသက်ရှုသံကိုပင် ခံစားနေရကာ သူ့ကို ပို၍ ဆွဲဆောင်မှု ရှိနေစေသည်။
တုယွီရှု ရှက်သွားပါတော့တယ်။
ယဲ့ကျင်းအန်း ၏ သွယ်လျသောလက်ချောင်းသည် တုယွီရှု ၏မျက်လုံးများကို ညင်သာစွာ ပွတ်သပ်လိုက်ပြီး အနည်းငယ် အားပါလာသည်။ သူက ပေါ့ပေါ့ပါးပါး ရယ်မောရင်း "ဒါက မျက်ရည်တွေ မဟုတ်ဘူးလား"
သူ့လက်ဖဝါးတွင် ရေစက်တစ်စက်ရှိနေသည်။
တုယွီရှုသည် သူမ၏မျက်နှာ ပူနွေးသွားသည်ကို ခံစားလိုက်ရသည်။
ယဲ့ကျင်းအန်း က ပြုံးပြီး သူမကို ကြည့်နေသည်၊ သူ့မျက်လုံးထဲတွင် အလွန်စွဲမက်ဖွယ်ကောင်းသော အကြည့်ရှိနေသည်။ နီးနီးကပ်ကပ်ရှိခြင်းကြောင့် တစ်ယောက်နှင့်တစ်ယောက် အသက်ရှူသံကို ကြားနေရသည်။
YOU ARE READING
မင်းလည်းငါ့ကိုကြိုက်နေတယ်ဆို《ဘာသာပြန်》
RomanceTitle - I Heart you like me too {聽說你也喜歡我} Total - 56 Episode + 6 Side storie Author - 夢千航 NOT MY WORK JUST TRANSLATION CREDIT TO ORIGINAL AUTHOR AND ENGLISH TRANSLATOR.