PART 6✨🟫

673 90 1
                                    

ဝမ်ကျဲ က တုယွီရှု လက်မှတ်ထိုးမယ့် စာချုပ်ကို ထုတ်လိုက်သည်။ Orange TV သည် မကြာသေးမီက ပြဿနာတစ်ခု ကြုံတွေ့​နေခဲ့ရသည်။ လက်ရှိ လက်​တွေ့ရှိုး ထုတ်လွှင့်မှုကို ထိပ်တန်းအဆင့်များမှ ပိတ်ပင်ထားသည်။ ယခုအပတ်တွင် Orange TV သည် အချိန်ကိုဖြည့်ဖို့ မတူညီတဲ့အမျိုးအစားများကို ပြန်လည်ပြသနေပေမဲ့ ဒါကဘယ်​လောက်ကြာမလဲကို မသိရသေးပါဘူး။ ထို့ကြောင့် အောက်တိုဘာလတွင် ထုတ်လွှင့်ရန် စဥ်းစားထားသည့် 'အလျားနှင့် အနံမဟာမိတ်' သည် ထုတ်လုပ်ရေးအဖွဲ့နှင့် Orange TV ရှိ ထိပ်တန်းအဆင့်များ မငြိမ်မသက်ဖြစ်နေသည်။

ပိတ်ပင်ခံထားရသည့် လက်တွေ့ရှိုးပွဲသည် လူအများ၏ တုံ့​ပြန်ချက်များကို ပြင်းပြင်းထန်ထန် ခံခဲ့ရပြီး စနေနေ့ ည ၉ နာရီမှ ၁၁ နာရီအတွင်းမှာပဲ ထုတ်လွှင့်ပြသရ​တော့မည်။ စနေနေ့ အချိန်လေးချိန်အတွင်း ဤကဲ့သို့သော reality show ၏နေရာကို ဆုံးရှုံးမှုသည် မသေးငယ်ပေ။

ယခု ဩဂုတ်လလယ်ဖြစ်နေပြီဖြစ်ပြီး၊ Orange TV သည် စက်တင်ဘာလတွင် ထုတ်လွှင့်ပြသမည့် ရှိုးအတွက် တတ်နိုင်သမျှ လိုက်မီရန် ဆိုလိုသည်။ အနုပညာရှင်တွေရဲ့ အချိန်ဇယားနဲ့ ထုတ်လုပ်ရေးအဖွဲ့ရဲ့ အစီအစဉ်တွေကို ကိုင်တွယ်ဖြေရှင်းရရုံသာမက လူသိရှင်ကြား ကိစ္စတွေလည်း ပါပါတယ်။

သို့သော်လည်း Orange TV သည် ဖျော်ဖြေရေးလောကတွင် ဆယ်စုနှစ်များစွာ ရပ်တည်ခဲ့ပြီး အလွန်ချမ်းသာသည်။ 'အလျားနှင့် အနံမဟာမိတ်' သည် အလျင်အမြန်ပြင်ဆင်နေသော်လည်း လူအများအပြားက အဆိုပါအစီအစဉ်ကို မျှော်လင့်နေကြဆဲဖြစ်သည်။

လွန်ခဲ့သည့်ရက်အနည်းငယ်က၊ လက်တွေ့ရှိုးကို ပိတ်ပင်ပြီးနောက် Weibo တွင် 'အလျားနှင့် အနံမဟာမိတ်' အတွက် Orange TV သည် မားကတ်တင်းအနေနဲ့ ပရိုမိုးရှင်းကို စတင်ခဲ့သည်။ ကာရိုက်တာကို မကြေငြာရသေးသော်လည်း၊ #ယဲ့ကျင်းအန်း နှင့် ယန်ဇီ သည် 'အလျားနှင့်အနံမဟာမိတ်' တွင်ပါဝင်မလား သံသယရှိနေသည့်သတင်းသည် များသည်မကြာမီတွင် ထွက်ပေါ်လာခဲ့ပြီး ၎င်းသည် တစ်ဝက်မှန်ပြီး တစ်ဝက်မှားနေသော်လည်း အာရုံစိုက်မှုများစွာရရှိခဲ့သည်။

မင်းလည်းငါ့ကိုကြိုက်နေတယ်ဆို《ဘာသာပြန်》Where stories live. Discover now