PART 48✨🟫

288 19 1
                                    

ပထမတစ်နာရီခွဲကြာ ဇာတ်လမ်းတွဲသည် မိနစ် 100ကြာပြီးနောက်ကိုအချိန်ပိုဆယ်မိနစ် အထိ ဆက်သွားပြီး အင်တာဗျူးအဆုံးသတ်လိုက်ကာ ရယ်မောသံတွေက ပြင်းထန်လာခဲ့သည်။ လူတိုင်း၏ စွမ်းဆောင်ရည်မှာ မှတ်သားဖွယ်ကောင်းပြီး၊ အဆင့်သတ်မှတ်ချက်များ ကောင်းမွန်ပြီး လူအများ၏ ထင်မြင်ယူဆချက်များမှာလည်း မဆိုးလှပါ။ ယေဘူယျအားဖြင့်တော့ reality show ဟာ အရမ်းအောင်မြင်ခဲ့တယ်လို ဆိုလိုရပါတယ်။

ဖျော်ဖြေပွဲပြီးသွားတဲ့အခါ တုယွီရှုက "မနက်ဖြန် လုပ်စရာအလုပ်ကျန်သေးတယ်မလား၊ ဘယ်ချိန်ပြန်မှာလဲ"

"တချို ဇာတ်ဝင်ခန်းတွေ ရှိသေးတယ်" ယဲ့ကျင်းအန်း က ပြုံးပြီး "ငါခုပြန်တော့မှာ"

"ဟိုတယ်အခန်းကိုကြိုတင်မှာထားလား။"

"ထင်တာပဲ။" ယဲ့ကျင်းအန်းက သူမကို ပြုံးပြပြီး သူ့မျက်လုံးများက ခံစားချက်ကင်းမဲ့နေသယောင်။

"ဝေမန် ဘယ်မှာလဲ"

"မရှိဘူး။"

"ကားသမားရော?"

"ကိုယ်လေ။"

"လက်ထောက်ကရော?"

"ဘယ်မှာမှန်းမသိ။"

တုယွီရှု, "......"

တုယွီရှု က သူ့ကို မျက်နှာသေနှင့် ကြည့်နေတယ်၊ "ကျွန်မအိမ်မှာ အိပ်ချင်နေတာလား။

ယဲ့ကျင်းအန်း က Weibo ကို ပေါ့ပေါ့ပါးပါး ဖွင့်ပြီး "မင်း ကိုယ့်ပန်းတွေကိုကျ လက်ခံပြီ၊ ပြုစုပျိုးထောင်ပေးဖို့ကျ ခက်သလား။ မင်း ကိုယ့်ကို နှင်တောင်ထုတ်ပစ်ချင်နေတယ်ပေါ့။ ချစ်လေးရဲ့ တိတ်တိတ်ပုန်းယောကျ်ားကို နေဖို့ အခန်းလေးမပေးချင်ဘူးလားဟင်။"

" မပေးချင်ဘူး" တုယွီရှု က လတက်ဘလက်ကို ပြန်ယူလိုက်ပြီး "ထွက်သွား"

"သေချာလား" ယဲ့ကျင်းအန်းရုတ်တရက် ပြုံးလိုက်ပြီး "မနက်ဖြန် ခေါင်းစီးပိုင်းမှာ ဘာထွက်လာမလဲဆိုတာ မင်းသိလား"

"-------ရုပ်ရှင်ဧကရာဇ်ယဲ့က ခေါင်းဆောင်မင်းသမီးတုရဲ့ အိမ်ကနေ ညဥ့်နက်မှ ထွက်လာတယ်။ အဝတ်အစားမသပ်မရပ်ဖြစ်နေတော့ အချစ်ရေးတွေများလား"

မင်းလည်းငါ့ကိုကြိုက်နေတယ်ဆို《ဘာသာပြန်》Kde žijí příběhy. Začni objevovat