တုယွီရှု အိမ်ပြန်ရောက်ချိန်က စောနေသေးသည်။ သူမသည် ကုမ္ပဏီမှ စီစဉ်ပေးသည့် လုံခြုံရေးအလွန်မြင့်မားသော တိုက်ခန်းတွင် နေထိုင်ပြီး သူမ၏ လုပ်ဖော်ကိုင်ဖက် အများအပြားလည်း ဤတိုက်ခန်းတွင် နေထိုင်ကြသည်။ ဒါတင်မကဘဲ သူမနေတဲ့အထပ်မှာ သူမအခန်းအပါအဝင် အခန်းနှစ်ခန်း သာရှိပါသည်။
တုယွီရှု သည်ဟင်းချက်မကျွမ်းကျင်တာကြောင့် သူမထမင်း၊ဟင်းချက်တာ ရှားပါတယ်။ အချိန်လည်းစောသေးပြီး၊ သူမ ယဲ့ကျင်းအန်းနှင့်လည်း ငြင်းခုံခဲ့တာကြောင့် စားချင်စိတ်မရှိပေ။ ယင်းအစား သူမသည် သက်တောင့်သက်သာရှိသော အဝတ်အစားသို့ လဲကာ ဆိုဖာပေါ်တွင် ထိုင်ပြီး Weibo ကိုဖွင့်ခဲ့သည်။
သူအသုံးပြုနေသော Weibo အကောင့်သည် သူမ၏ အကောင့်တုဖြစ်သည်။ သူမ၏ အကောင့်အစစ်ကိုသာ အသုံးပြုပြီး မတော်တဆ တစ်ခုခုနှိပ်မိလိုက်ပါက၊ အတင်းအဖျင်းမဂ္ဂဇင်းများသည် လေတိုက်သလိုထွက်ပေါ်လာပြီး ဇာတ်လမ်းများစွာသည်လည်း ပေါ်ထွက်လာမည်ဖြစ်သည်။ နည်းနည်းသတိထားပြီး ရှောင်တာက ပိုကောင်းပါတယ်။
တုယွီရှုသည် ယဲ့ကျင်းအန်း ၏ Weibo accသို့ သွားကြည့်ခဲ့ပြီး ရက်အတော်ကြာအောင် ဘာမှမတင်ထားကြောင်း တွေ့ခဲ့ရသည်။ သူ၏နောက်ဆုံးပို့စ်မှာ 'မင်္ဂလာမနက်ခင်းပါ၊ အချစ်ရေ' ၏ အဖွဲ့သားတစ်ဦးအဖြစ် မျှဝေပေးထားခြင်းဖြစ်ပါသည်။
ပို့စ်ရဲ့ အပေါ်ဆုံးမှာတော့ သူမရဲ့ နာမည်ကိုပါ တွဲဖော်ပြထားပါတယ်။ တုယွီရှု က မကျေမနပ် နှုတ်ခမ်းကို တွန့်လိုက်သည် ။ သူတို့နှစ်ဦး၏ အမည်များသည် တူညီသော ပို့စ်တွင် ပေါ်လာသည်မှာ ရှားပါသည်။
'မင်္ဂလာမနက်ခင်းပါ၊ အချစ်ရေ' ကို တုန့်ဟွမ်ရုပ်ရှင်ကုမ္ပဏီမှ ရင်းနှီးမြုပ်နှံထားပြီး အဓိကဇာတ်လိုက်များအဖြစ် တုယွီရှု နှင့် ယဲ့ကျင်းအန်း တို့ ပါဝင်သရုပ်ဆောင်ထားသည်။ ဇာတ်ကောင်၏ဖော်ပြချက်သည် သိမ်မွေ့ပုံရသည်။ ရုပ်ရှင်ရဲ့ သက်တမ်းက ဆယ်နှစ်ပါ။ ကျန်းရူ သည်ဒါရိုက်တာအဖြစ် တာဝန်ယူထားကာ ထိတ်လန့်စရာကောင်းပြီး နွေးထွေးသော သည်းထိတ်ရင်ဖိုအချစ်ဇာတ်ကားကို ပုံဖော်ရန် ကြိုးစားမည်ဖြစ်သည်။ ဇာတ်လိုက်သရုပ်ဆောင်တွေက အရမ်းထူးချွန်ကြပြီးတော့ ဒါရိုက်တာကျန်းကလည်း ဒီရုပ်ရှင်နဲ့ ထူးချွန်ဆုတွေကိုရဖို့မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။
![](https://img.wattpad.com/cover/300340642-288-k756475.jpg)
YOU ARE READING
မင်းလည်းငါ့ကိုကြိုက်နေတယ်ဆို《ဘာသာပြန်》
RomanceTitle - I Heart you like me too {聽說你也喜歡我} Total - 56 Episode + 6 Side storie Author - 夢千航 NOT MY WORK JUST TRANSLATION CREDIT TO ORIGINAL AUTHOR AND ENGLISH TRANSLATOR.