PART 30✨🟫

412 65 0
                                    

ထုတ်လုပ်ရေးအဖွဲကဒီလောက်ထိ​အောင်​မြင်လိမ့်မယ်လို မျှော်လင့်မထားတာတော့ အမှန်ပင်။

သူတိုက ပရိတ်သတ်တွေကို ဆွဲဆောင်သည့်အနေနှင့် promo videoကို သူတိုရဲ့ဆန္ဒတွေကို ဖြည့်ဆည်းပေးသည့်အနေနှင့် ထုတ်လွှင့်ခဲ့ကြသော်လည်း မျှော်လင့်ချက်ကြီးကြီးမားမား မရှိပေ။

သိုသော်လည်း နာရီဝက်အတွင်းမှာပင် သူတိုရဲ့ official page မှာfollower၁သန်းထိကိုတိုးလာခဲ့တယ်!

ပြီးတော့နာရီဝက်အတွင်းမှာပဲ ပိုစ့်အောက်မှာ မှတ်ချက်ပေါင်းတစ်ထောင်ထိရှိလာပြီး ချီးကျူးမှုတွေအများကြီးလက်ခံရရှိခဲ့ပါတယ်။ နောက်ထပ်နာရီဝက်အကြာမှာ လူကြည့်အများဆုံး စာရင်း ထဲကိုရောက်ခဲ့ပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် အားကောင်းသော မုန်တိုင်းဖြစ်လာသည်။

ဒီမုန်တိုင်းရဲ့နာမည်က
#ယဲ့ကျင်းအန်ကတုယုရှုအားနတ်ဘုရားမှဟုတင်စား‌ခေါ်‌‌ဝေါ်ခြင်း!#

အားလုံးသိကြတဲ့အတိုင်း တုယွီရှုနှင့် ယဲ့ကျင်းအန်းတို ရန်စရှိတာ ၈ နှစ်လောက်ရှိခဲ့ကြပြီး《နှိမ်နင်းခံရသောတိုင်းပြည်》ဇာတ်ကားသည် တုယွီရှုကို နောက်ထပ်တစ်ဆင့်ကိုထပ်တက်စေခဲ့တယ်။

ဇာတ်လမ်းတွဲအတွက်သတင်းစာရှင်းလင်းပွဲလုပ်တဲ့အချိန်အတွင်းမှာ သတင်းထောက်တယောက်က တုယွီရှုကို ယဲ့ကျင်းအန်းနဲ့ပတ်သတ်တာ တခုခုမေးခဲ့ပေမဲ့ သူမကပြန်လည်ဖြေကြားခြင်းမရှိဘဲ အေးအေးလူလူသာ ပြုံးပြနေခဲ့တယ်။

ထိုအပြုံးထဲမှာ မဖော်ပြနိုင်တဲ့သရော်လှောင်ပြောင်မှုတွေတော့ ပါနေခဲ့တယ်။ တုယွီရှုကဘာမှပြန်မပြောခဲ့ပေမယ့်လည်း သတင်းထောက်တွေအတွက်‌တော့ သူတိုကိုယ်ပိုင် ကောက်ချက်ချဖိုအတွက်လုံလောက်ခဲ့တယ်။

ယဲ့ကျင်းအန်းကလဲအတူတူပါပဲ။အများအရှေ့မှာပဲဖြစ်ဖြစ် သီးသန့်အချိန်မှာပဲဖြစ်ဖြစ် တုယွီရှုဆိုတဲ့ နာမည်ကို ကြားလိုက်တဲ့အချိန်တိုင်း သူ့ပုံစံကမပြောင်းလဲသွားပေမယ့် သူ့မျက်နှာမှာတော့ လှောင်ပြောင်မှု ကတော့ရှိနေတယ်။တခါတရံမှာသူနည်းနည်းပါးပါးပြောပေမယ့်လဲ အ့ဒီစကားတွေက လူတွေရဲ့အတွေးတွေကို ယောက်ယက်ခတ်သွားစေတယ်။

မင်းလည်းငါ့ကိုကြိုက်နေတယ်ဆို《ဘာသာပြန်》Where stories live. Discover now