PART 14✨🟫

495 81 2
                                    

တုယွီရှု သည် အကျပ်အတည်းကြုံနေရသည်၊ သူမပြန် followသင့်လား။

ထို့နောက် သူမ မနေနိုင်ပဲ ရယ်မောလိုက်သည်။

ဒီလိုမျိုးအရာတွေကို အချိန်အကြာကြီး ထိုင်စဥ်းစားနေတာ သူမပုံစံ မဟုတ်ပါဘူး။

သူမသည် ယဲ့ကျင်းအန်း ၏ စာမျက်နှာပေါ်သို့ တက်လာပြီး Follow ကို ပြတ်ပြတ်သားသား နှိပ်ခဲ့သည်။ ထို့အပြင်၊ သူကအရင် သူမကို follow ခဲ့တာ မဟုတ်ဘူးလား?

--ဒါပေမယ့် သူ့လက်ချော်သွားတာ ဆိုရင်ရော။

ဒါကိုတွေးပြီး တုယွီရှူက စိတ်ပျက်လက်ပျက်နဲ့ သူမဆံပင်တွေကို ဆွဲနုတ်ပစ်ချင်နေတယ်။ နင်ဘာလို့ အတွေးလွန်နေတာလဲ။

တကယ်လို့ သူလက်ချော်သွား​တော့လည်း သူမလဲ မ​ချော်နိုင်လို့လား?

ယဲ့ကျင်းအန်းကို သူမfollowပြီးနောက် တုယွီရှုသည် ထုတ်လုပ်ရေးအဖွဲ့၏ပို့စ်ကို ထပ်တင်လိုက်ပြီး ဖိုရမ်တွင် သွေးထွက်သံယိုဖြစ်​နေမှုကို လျစ်လျူရှုရန် ရည်ရွယ်ကာ Weibo မှ ချက်ချင်းထွက်ခွာခဲ့သည်။

ထိုအချိန်တွင်၊ WeChat တွင် တောက်ပနေသည်ကို သူမတွေ့လိုက်သည်။ သူမကို group chat တွင်ထည့်ထားသည်ကိုတွေ့လိုက်ရပြီး ၎င်းကိုဖွင့်ရန် နှိပ်ခဲ့သည်။

အဖွဲ့ကို [အလျားနှင့် အနံမဟာမိတ် သရုပ်ဆောင်များ] ဟုခေါ်သည်။

တုယွီရှု သည် ဤရိုးရှင်းသောအဖွဲ့အမည်ကို ပြက်ရယ်ပြုရန် ပျင်းလွန်းလှသည်။

ဒီနာမည်ပေးထားတဲ့သူက ပျင်းစရာကောင်းလိုက်တာ။

သူတို့နောက်ဆုံးတွေ့ခဲ့တဲ့အချိန်တုန်းကတော့ ယဲ့ကျင်းအန်း နဲ့ တုယွီရှု တို့ မပါဝင်ဘဲ WeChat မှာ သူငယ်ချင်းအဖြစ် ပေါင်းထည့်ခဲ့ပါတယ်။

တုယွီရှုသည် chat ကိုနှိပ်လိုက်သည်။

[အလျားနှင့် အနံမဟာမိတ် သရုပ်ဆောင်များ]

မန်ယွမ်ရူ : မနက်ဖြန် ဘယ်အချိန်ရောက်​ကြမှာလဲ။ ကျွန်တော်က Z ​မြို့နဲ့ တော်တော်လေးရင်းနှီးတော့ မင်းတို့ကို အခမဲ့ဧည့်လမ်းညွှန်လုပ်​​​ပေးလို့ရတယ်။

မင်းလည်းငါ့ကိုကြိုက်နေတယ်ဆို《ဘာသာပြန်》Onde histórias criam vida. Descubra agora