နတ်ဘုရားမတစ်ယောက်ဖြစ်သော တုယွီရှုသည် သရဲတစ္ဆေကိုကြောက်ခြင်းက အကျိုးကျေးဇူးရမည်ဟု မထင်ခဲ့ပါ။ ဒါပေမဲ့ ဒီနေ့မှာတော့ ဒီအချက်သည် အရေးကြီးဆုံး အားသာချက်ဖြစ်သည်ဟု သူမ ခံစားခဲ့ရသည်။
ရဲတိုက်ကို စူးစမ်းကြည့်ရင်း လက်ချင်းတွဲကာ လမ်းလျှောက်နေကြတယ်။ သူမတို့ မနိုင်ခဲ့ပေမယ့် ဒီလိုလက်တွဲထားရုံနဲ့ ပျော်နေကြပါသည်။
ဒီနေ့ဟာ အံ့သြစရာကောင်းတဲ့နေ့တစ်နေ့လို့ တုယွီရှုသည် ခံစားလိုက်ရတယ်။
ဒါပေမဲ့ ညစာစားပွဲတွင်တော့ ဒီခံစားချက်ဟာ ပျောက်ကွယ်သွားခဲ့ရသည်။
တုယွီရှုနှင့် ယဲ့ကျင်းအန်း အဘယ်ကြောင့် မတည့်ခဲ့ရသည်ကို နှစ်ယောက်လုံး မမှတ်မိတော့ပါဘူး။ ရန်ဖြစ်ခဲ့ဖူးသော အကြိမ်အရေအတွက်က အရမ်းများပေမယ့် ဒီနေ့လောက်တော့ မပြင်းထန်ဖူးပါဘူး။
သူမသည် ဟိုတယ်ဧည့်ခန်းရှိ ဆိုဖာပေါ်တွင် ပျင်းရိငြီးငွေ့စွာ ထိုင်နေရင်း လူများဖြတ်သွားသည်ကိုလိုက်ကြည့်နေခဲ့သည်။ သူမသည် ဘောင်းဘီပုံစံများကို ကြည့်ရင်း မေးစေ့ကို ပွတ်သပ်နေသည်။
"တုယွီရှု?"
တုယွီရှုမော့ကြည့်လိုက်တော့ suitဝတ်ထားတဲ့ အမျိုးသားတစ်ယောက်သည် အံ့သြနေသောမျက်နှာဖြင့် သူမဆီ လမ်းလျှောက်လာတာကို တွေ့လိုက်ရသည်၊ "တကယ်တုယွီရှုလား"
--------ညကိုးနာရီ၊ ဟိုတယ်တွင်။
ဒီနေ့အတွက်ရိုက်ကူးရေးပြီးသွားတာကြောင့် ဟိုတယ်ကို အကုန်ပြန်လာကြတယ်။ တခြားscheduleများရှိသေးတာကြောင့် ဧည့်သည်နှစ်ဦးက ထွက်ခွာသွားခဲ့ပြီး မနက်ဖြန်အတွက် သရုပ်ဆောင် ခြောက်ဦးသာ ကျန်ရှိတော့ပါသည်။
ညစာစားပွဲကျင်းပရန် လူအများအပြားက ပြောခဲ့ကြတာကြောင့် အဆုံးတွင် သူတို့သည် ဝမ်ရှောင်ချန်၏အခန်းတွင် စုကာ ညစာစားရန်ပြင်ဆင်ပေးဖို့ ဝန်ထမ်းများကို ခေါ်လိုက်သည်။
အပိုင်းနှစ်ပိုင်းကို အတူတူရိုက်ကူးခဲ့ပြီးတဲ့အခါမှာတော့ အဖွဲ့ဝင်ခြောက်ဦးသည် ရင်းနှီးလာခဲ့ကြသည်။ ဝမ်ရှောင်ချန်နှင့် မန်ယွမ်ရူတို့၏ တက်ကြွသောကိုယ်ရည်ကိုယ်သွေးနှင့်အတူ ယန်ယုပေါ်နှင့် ထုန်ဟွာနျန်တို့သည်လည်း လွတ်လွတ်လပ်လပ် ကစားနေကြပြီး ဝိုင်သောက်နေကြသည်။ တုယွီရှုသည် limitကို ကောင်းစွာမထိန်းနိုင်သောကြောင့် သောက်ဖို့ငြင်းပယ်ရန် အကြောင်းပြချက်ရှာခဲ့ရသည်။ မန်ယွမ်ရူသည် သူမအား စကားအနည်းငယ်ဖြင့် စနောက်ခဲ့သော်လည်း ဘာမှထပ်မပြောကြပေ။ တုယွီရှုသည် ပွဲအပြီးထိမသောက်ခဲ့တာကြောင့် အခန်းထဲမှ ချောချောမွေ့မွေ့ လစ်ထွက်လာနိုင်ခဲ့သည်။

YOU ARE READING
မင်းလည်းငါ့ကိုကြိုက်နေတယ်ဆို《ဘာသာပြန်》
RomanceTitle - I Heart you like me too {聽說你也喜歡我} Total - 56 Episode + 6 Side storie Author - 夢千航 NOT MY WORK JUST TRANSLATION CREDIT TO ORIGINAL AUTHOR AND ENGLISH TRANSLATOR.