ဒီ့ထက် ပိုရှက်စရာကောင်းတာက ဘာရှိသေးလို့လဲ။
တုယွီရှုက တွေးလိုက်သော်လည်း ဘာမှ ပေါ်မလာဘူး။
အရင်အပိုင်းမှာ တောထဲမှာတိုက်ပွဲဖြစ်သည့်အခန်းဖြစ်ပြီး၊ ဒီအပိုင်းသည် ရဲတိုက်ထဲမှာ ရှာဖွေရေးလုပ်ရမှာဖြစ်ပါသည်။ ထုတ်လုပ်ရေး အဖွဲ့သားတွေက ဒီရဲတိုက်ကို ဘယ်မှာ ငှားလာလဲဆိုတာ သူမ မသိပါဘူး။ တောအုပ်များဖြင့် ဝန်းရံထားတာကြောင့် အုံ့မှိုင်းနေပြီး စွန့်ပစ်ခံထားရပုံပေါ်သည်။တုယွီရှု သည် ယဲ့ကျင်းအန်း ကို တစ်ချက် ခိုးကြည့်သည်။ သူမ မှတ်မိတာ မမှားဘူးဆိုရင် သူသရဲတွေကို ကြောက်တတ်တယ်လေ။
နောက်ဆုံးတစ်ခေါက် သရဲကားသွားကြည့်တုန်းက သူသေမလောက်ကြောက်သွားတာ။
သူတို့အားလုံးကို မျက်စိဖုံးအုပ်ထားပြီး ရဲတိုက်အဝင်ဝကို ခေါ်သွားခံခဲ့ရတယ်၊ ထိုအချိန်မှာ ဒါရိုက်တာရဲ့အသံက ရဲတိုက်တစ်ခုလုံးမှာ ဟိန်းထွက်သွားတယ်။ "ဒီနှစ်ရာချီသက်တမ်းရှိတဲ့ ရဲတိုက်ကြီးထဲမှာ ကမ္ဘာမြေကြီးရဲ့ လျှို့ဝှက်ချက်နဲ့ နှစ်ထောင်ပေါင်းများစွာ ပျောက်ကွယ်သွားခဲ့တဲ့ ဝှက်ထားတဲ့ရတနာတစ်ခုရှိတယ်။ မင်းတို့ရဲ့တာဝန်က ဒီပျောက်ဆုံးနေတဲ့ရတနာကိုရှာဖို့ပါ။"
"ရတနာကို ပထမဆုံးရှာနိုင်တဲ့သူက ယူသွားလို့ရတယ်။"
"မင်းတို့ကို ရှာဖွေတဲ့နေရာမှာ ကူညီဖို့ ဒီရဲတိုက်မှာ ဝှက်ထားတဲ့ မြေပုံတွေနဲ့ ပစ္စည်းတွေ အများကြီးရှိတယ်၊ ဒါပေမယ့် မင်းတို့ရတနာရှာတာကိုတားဆီးမယ့် အရာတွေလည်း အများကြီးရှိတယ်။"
"ရတနာမြေပုံက အတုလား အစစ်လားဆိုတာ ကိုယ့်ဘာသာဆုံးဖြတ်ရမယ် "
"ကဲ၊ အားလုံးပဲ၊ ကျေးဇူးပြုပြီး မင်းတို့ရဲ့မျက်လုံးက အဝတ်စတွေကို ဖယ်လိုက်ကြပါ"
စကားသံရပ်သွားသောအခါ တုယွီရှုသည် ကျယ်လောင်စွာ ကျိန်ဆဲလိုက်ချင်ပေမဲ့ ထိန်းချုပ်လိုက်သည်။ မျက်လုံးမှ အဝတ်စတွေကို ဖယ်လိုက်သောအခါတွင် သူမ၏နှလုံးခုန်နှုန်း မြန်လာတာကို မထိန်းထားနိုင်ဘူး။

BINABASA MO ANG
မင်းလည်းငါ့ကိုကြိုက်နေတယ်ဆို《ဘာသာပြန်》
RomanceTitle - I Heart you like me too {聽說你也喜歡我} Total - 56 Episode + 6 Side storie Author - 夢千航 NOT MY WORK JUST TRANSLATION CREDIT TO ORIGINAL AUTHOR AND ENGLISH TRANSLATOR.