Chapter 49.2

301 16 0
                                    

သူမသည် သူမ၏အသက်မွေးဝမ်းကြောင်းကို အရမ်းသဘောကျသလို ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ရှင်မဖြစ်ချင်ပေ၊ ကလေးလဲ မလိုချင်ပေ။ သူမ မလုပ်ချင်တာတွေက အမှားလား!

ဘာကြောင့် ဒီလိုတွေဖြစ်လာတာလဲ။

လီမိုချင်းက သူမကို အနုပညာလောကကို စွန့်လွှတ်ရင် စွန့်လွှတ် မဟုတ်လျှင် သူနှင့် လမ်းခွဲဖိုကို ရွေးချယ်ခိုင်းခဲ့သည်။ ရွေးချယ်ခိုင်းသည်ဆိုပေမဲ့ သူမကို ရွေးချယ်ခွင့်မပေးခဲ့သလိုပင်။

ထိုကြောင့် သူမ သူနှင့်လမ်းခွဲရန် ရွေးချယ်ခဲ့သည်။ သူ့ဆီမှာ သူမကို အပြစ်တင်ရန် နေရာမရှိချေ။

"ဒါဆို ဒီနှစ်ရက်အတွင်း ငါနဲ့ ယဲ့ကျင်းအန်းအကြောင်း အပျက်သဘောဆောင်တဲ့ သတင်းတွေကတည်းက ငါတို့ကို သတိပေးနေခဲ့တာလား။"  တုယွီရှု၏ မျက်လုံးများတွင် ရွှင်မြူးမှုအချို့ရှိနေသည်၊ "ရှနင်းဟွာကို အဲ့တုန်းက တကယ်ကို ရဲရင့်တယ်လို့ ငါတွေးခဲ့တယ်၊ သူက ယဲ့ကျင်းအန်းနှင့် ဘာပတ်သက်မှုမှ မရှိတာတောင် အတွဲတွေလိုမျိုး သတ္တိရှိရှိ ပြောရဲနေခဲ့လို့။"

"တကယ်လို အဲ့တုန်းက ပုံတွေကိုသာ မထုတ်ပြန်နိုင်ခဲ့ရင် အမှန်တရားက ဘယ်လိုပဲ ဖြစ်နေပါစေ၊ လူတွေက အားနည်းတဲ့သူဘက်မှာပဲ ရပ်တည်ပေးလိမ့်မယ်။ အဲဒီအချိန်ကျ လူတော်တော်များများက ယဲ့ကျင်းအန်းရဲ့ Weibo အကောင့်မှာ ဝိုင်းကျိန်ဆဲကြလိမ့်မယ်။ အဲ့လိုဆို အမြဲထိန်းသိမ်းထားတဲ့ သူ့ရဲ့ ဂုဏ်သိက္ခာတွေက ပျက်စီးမှာပဲ။ ဒါကြောင့် အဲ့ကတည်းက လီရှီမီဒီယာရဲ့ သခင်လေးက ပေါ်လာခဲ့တာပဲ"

"ဒီနေ့ ကိစ္စမှာလည်း  'VHA" ထုတ်လွှင့်နေတဲ့ အချိန်မှာ လူတော်တော်များများက ငါနဲ့ ယဲ့ကျင်းအန်း ရဲ့ ဆက်ဆံရေးကို ဘာကြောင့် အလေးအနက်ထားကြတာလဲဆိုတာကို သိချင်နေခဲ့တာ။ အဲဲဒါကလည်း လီရှီရဲ့ သခင်လေးရဲ့ သတိပေးချက်ပဲ ဖြစ်လောက်တယ်!"

"တကယ်ကို..." သူမ၏မျက်လုံးများတွင် အေးစက်မှု အရိပ်အယောင်တစ်ခု ဖြတ်သွားကာ "ခုမှ အလင်းပေါက်လာရတာပဲ။"

"စုန့်ချန် စိတ်မပူပါနဲ့၊ နင်အခု အိပ်‌ရေး၀ဖို့လိုတယ်။ နင်အရမ်းပင်ပန်းနေပြီ"  တုယွီရှုသည် တည်ငြိမ်သော အသံဖြင့် သူမကို နှစ်သိမ့်ပေးရင်း စုန့်ချန်၏ ကျောကို ပုတ်လိုက်သည်။ စုန့်ချန်၏ စိုးရိမ်သောကစိတ်သည် ချက်ချင်း ပြေလျော့သွားပြီး "စုန့်ချန် ကောင်းကောင်း အိပ်လိုက်ပါ၊ ငါ နင်နဲ့ အတူရှိနေပေးမယ်"

You've reached the end of published parts.

⏰ Last updated: Apr 14 ⏰

Add this story to your Library to get notified about new parts!

မင်းလည်းငါ့ကိုကြိုက်နေတယ်ဆို《ဘာသာပြန်》Where stories live. Discover now