PART 18✨🟫

507 70 0
                                        

ထိုလူနှစ်ယောက် တုယွီရှု ကိုမြင်သွားတဲ့အခါ မန်ယွမ်ရူ က တောက်ပသောအပြုံးကို ​ပြုံးလိုက်ပြီး "နတ်ဘုရားမတု၊ ကျွန်တော်တို့ ဒီကို ရောက်နေပြီ!"

သူ့ဘေးမှာ ဝမ်ရှောင်ချန် က ရှက်ပြုံးလေးပြုံးနေပေမယ့် "အစ်မတု" ဟု အရမ်းပျော်နေသောအသံဖြင့်ပြောနေသေးသည်။

တုယွီရှုသည် ထိုနှစ်ယောက် ချဉ်းကပ်လာသည်ကို မြင်သောအခါ သေတ္တာကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ပြီး ခြေလှမ်းအနည်းငယ် ဆုတ်သွားသည်။

"နတ်ဘုရားတု၊ ဘာလို့ နောက်ဆုတ်နေတာလဲ"

"ဘာဖြစ်လို့လဲ နတ်ဘုရားမတု"

ထိုအချိန်တွင်၊ မျက်လုံးစူးရှသော မန်ယွမ်ရူသည် သူမ၏လက်ထဲတွင်ရှိသော သေတ္တာကိုမြင်ပြီး ဒေါသတကြီးပြုံးကာ "နတ်ဘုရားမတု၊ ကျွန်​တော်တို့အားလုံးက ဒီမှာ သူငယ်ချင်းကောင်းတွေပဲ၊ သဲလွန်စကို အတူတူကြည့်ရအောင်၊ အကုန်လုံး မင်းအတွက်ပဲ သိမ်းထားစရာမလိုဘူးလေ"

ပြောရင်း မန်ယွမ်ရူ နဲ့ ဝမ်ရှောင်ချန်က ခြေလှမ်းများ လှမ်းလာခဲ့တယ်။ မန်ယွမ်ရူ က ရယ်မောရင်း "နတ်ဘုရားမတု၊ မတားပါနဲ့တော့။ မင်းက လှပတဲ့ပန်း​လေးတစ်ပွင့်မို့ မင်းကိုမနာကျင်စေချင်ဘူး"

တုယွီရှု "....ဒီလို လူတွေကို ဆွဲဆောင်လို့ရလို့လား"

မျိုးစုံ ရှိုးပွဲများစွာတွင် ပါဝင်ခဲ့သော မန်ယွမ်ရူသည် သူ့ကိုယ်သူ အသိအမှတ်ပြုရန် ဂရုမစိုက်ဘဲ "နတ်ဘုရားမက အရမ်းလှတယ်၊ မင်းကို ငါနာကျင်အောင် မလုပ်နိုင်ဘူး။ သတို့သမီးလက်ဆောင်အဖြစ် သေတ္တာကိုလွှဲပြီး ငါနတ်မင်းကိုလက်ထပ်လိုက်ပါ။"

ဒါကိုပြောပြီးနောက် သူက တုယွီရှုကို အရမ်းကြည့်လို့အဆင်မပြေပြီး ရယ်စရာကောင်းတဲ့ ပရောပရီအကြည့်နဲ့ကြည့်လိုက်တယ်။ ဝမ်ကျဲ က မကျေမနပ် ရယ်မောပြီး သူ့ကိုကြည့်ကာ "အန်ချင်အောင်လာလုပ်နေတယ်"

"ကျွန်မငြင်းပါတယ်။" တုယွီရှု က "ကိုရီးယားမှာ ရှင့်မျက်နှာကိုသွားခွဲစိတ်ပြီးမှ ကျွန်မလက်ထပ်မယ်။"

မန်ယွမ်ရူ "...... နတ်ဘုရားမတု၊ မင်း ဘယ်လိုလုပ် ဒီလိုမျိုး ရက်စက်နိုင်ရတာလဲ"

မင်းလည်းငါ့ကိုကြိုက်နေတယ်ဆို《ဘာသာပြန်》Waar verhalen tot leven komen. Ontdek het nu