PART 5✨🟫

748 90 2
                                    

သူမ၏စကတ်သည် တဖျပ်ဖျပ်လွင့်နေပြီး ဆံပင်များကို ချည်နှောင်ထားကာ ကြော့ရှင်းသော လည်ပင်းကို ပေါ်လွင်စေသည်။ အမျိုးသမီးသည် 5 cm ရှိသော ဒေါက်မြင့်ဖိနပ်ကိုဝတ်ထားသောကြောင့် တခြားလူများထက် ခေါင်းတစ်ဝက်လောက် မြင့်နေသည်။ သေးသွယ်ပြီး နူးညံ့သိမ်မွေ့သော အမျိုးသမီးသည် စည်းထားသော ဆံပင်များကို ညင်သာစွာ ဖြည်လိုက်ချိန်တွင် အပြုံးချိုလေးကိုထုတ်ဖော်ပြနေသော်လည်း သူမ၏ မျက်လုံးများသည် အရိုးများအထိ အေးစက်နေပြီး တစ်စုံတစ်ဦးကို နေရာတွင် အေးခဲသွားစေနိုင်သည်။

သူမ ခေါင်းငုံ့လိုက်ကာ တစ်ဖက်လူ၏နား နားကိုကိုင်းညွတ်ပြီး "ဘယ်လိုလဲ" ဟုဆိုသည်။

တုယွီရှူ၏ မျက်လုံးများသည် ရေခဲကဲ့သို့ အေးစက်​နေသောကြောင့် ကျန်းရီ၏ ခန္ဓာကိုယ် တုန်လှုပ်သွားသည်။ ထိုချိုမြိန်သောမျက်နှာရှိနေသော်လည်း အန္တရာယ်အရိပ်အယောင်ကို ထုတ်လွှတ်နေသည်။

တုယွီရှု က သားကောင်ကိုဖမ်းမိသွားသော မုဆိုးတစ်ယောက်လို ရယ်မောလိုက်သည် ။

"ကဒ်!" ဒါရိုက်တာကျန်း ၏မျက်နှာသည် နွေးထွေးနေပြီး သူ၏အရင်က အုံ့မှိုင်းနေသောမျက်နှာနှင့် နှိုင်းယှဥ်ကြည့်လျှင် စိတ်အခြေအနေပိုကောင်း​နေသည်၊ "ကြည့်ကောင်းတယ်၊ နောက်အခန်း"

တုယွီရှု သက်ပြင်းချလိုက်သည်။ သူမ၏ ကျောပြင်သည် အေးစက်သော ချွေးများဖြင့် စိုစွတ်နေ၏။ သူမမျက်နှာက ဖြူဖျော့နေပေမယ့် မိတ်ကပ်အောက်မှာတော့ သိပ်မသိသာပါဘူး။ သူမဗိုက်ကအရမ်းမသက်မသာခံစားရပြီး ခြေလက်တွေ အေးခဲနေတယ်။ နာကျင်မှုကို မခုခံနိုင်တော့ဘဲ ကုတင်ပေါ်သို့ လဲကျသွားသည်။


ဝမ်ကျဲက သူမကို အမြန်ကူဆွဲလိုက်ပြီး ဘာရှင်းပြချက်မှမပါဘဲ ဗိုက်ပေါ် ရေနွေးအိတ်ကို တင်လိုက်တယ်။ ထို့နောက် သူမသည် တုယုရှု၏လက်ထဲကို သိုးမွေးဖြင့်ထုပ်ထားသော ရေနွေးခွက်ကို ထည့်ပေးလိုက်သည်။ တုယွီရှုက "ဝမ်ကျဲ၊ ငါနာမည်ပြောင်းချင်တယ်" ဟု မပြောမီ ၎င်းကို စိတ်ပျက်စွာ ဆော့ကစားနေပါသည်။

မင်းလည်းငါ့ကိုကြိုက်နေတယ်ဆို《ဘာသာပြန်》Where stories live. Discover now