PART 26✨🟫

422 76 1
                                    

တုယွီရှု တံခါးကိုဖွင့်လိုက်တော့ နီညိုရောင်ဟင်းရည်ပန်းကန်လုံးတစ်လုံးကို ကိုင်ဆောင်လာသော လန်းဆန်းတက်​ကြွနေတဲ့ ယဲ့ကျင်းအန်းကို တွေ့လိုက်ရတယ်။

တုယွီရှုက သူ့ကို ဝင်ခွင့်ပြုလိုက်သည် ။ သူမရုတ်တရက် သည်းမခံနိုင်စွာခေါင်းကိုက်လာသည်။ သူမတွင် သူနှင့်ရန်​ဖြစ်ရန် ခွန်အားမရှိပေမဲ့လည်း ယဲ့ကျင်းအန်းကို အမြန်​မောင်းထုတ်လိုက်ချင်သည်။

"မခံနိုင်ဘူးလား? ဝိုင်အများကြီးသောက်လို့လေ နည်းတောင်နည်းသေးတယ်" ယဲ့ကျင်းအန်းက ခပ်တိုးတိုးပြောလိုက်သည်။ တုယွီရှုက သူ့ကိုချက်ချင်းကိုနှင်ထုတ်ပစ်ချင်လာသည်။

"နင်လိုတာရှိလား? မရှိရင် ထွက်သွားတော့!"

"အမူးပြေစွပ်ပြုတ်" ယဲ့ကျင်းအန်း သက်ပြင်းချလိုက်ပြီး "မင်းအတွက်"

"မင်းရဲ့ဒီလိုအခြေအနေနဲ့ ဒီနေ့လည်လက်တွေ့ရှိုးကိုဘယ်လိုလုပ်မှာလဲ"

ပါဝင်ပစ္စည်းမျိုးစုံပါရှိသော နီညိုရောင်ဟင်းချိုကို ကြည့်လိုက်ပြီး တုယွီရှုက ရွံမုန်းစွာ မျက်မှောင်ကြုတ်ကာ "ဟိုမှာထားလိုက်၊ နောက်မှ သောက်လိုက်မယ်"

"လက်တွေ့ရှိုးအတွက်ဆို စိတ်ပူစရာမလိုပါဘူး။"

ယဲ့ကျင်းအန်း ဖြည်းညှင်းစွာ ပြုံးပြီး ရှေ့ကို တိုးသွားသည်။ တုယွီရှုသည်လည်း မသိစိတ်က နောက်ပြန်ဆုတ်သွားသည်။ 'ဘုတ်'ခနဲ ဖုန်းက မြေပြင်ပေါ်ကျသွားတယ်။ ယဲ့ကျင်းအန်းက ကောက်လိုက်တော့ တုယွီရှု၏ မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားကာ ဖုန်းကို အမြန်ပြန်ယူလိုက်တယ်။

ဒါပေမယ့် ဒီစက္ကန့်အနည်းငယ်အတွင်းမှာတော့ ယဲ့ကျင်းအန်းက screenပေါ်မှာ ​ပြ​နေတဲ့အရာကို မြင်နိုင်လောက်ခဲ့ပါတယ်။

#ရှနင်းဟွာနှင့်ယဲ့ကျင်းအန်းတို့ရဲ့သံသယ​ဖြစ်ဖွယ်အချစ်ရေး#

ယဲ့ကျင်းအန်းသည် ခေါင်းစဉ်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရပြီးနောက် မျက်လုံးများတောက်ပလာသည်။

တုယွီရှု မပျော်ရတဲ့ အကြောင်းရင်းကဒါကြောင့်လား။

တုယွီရှု ဖုန်းကို ချက်ချင်းယူ၍ ပိတ်လိုက်သည်။ ယဲ့ကျင်းအန်းက ဖြည်းညှင်းစွာပြောသည် "ရှနင်းဟွာကြောင့်စိတ်ဆိုးနေတာလား"

မင်းလည်းငါ့ကိုကြိုက်နေတယ်ဆို《ဘာသာပြန်》Where stories live. Discover now