PART 31✨🟫

407 68 0
                                        

ယဲ့ကျင်းအန်းသည် ပင်ပန်းနေပြီ။ မနေ့ညက တုယွီရှု ကို တစ်ညလုံး စောင့်ပေးနေခဲ့ရသည်။ နောက်နေ့မနက်မှာ သူမသောက်ဖိုအတွက် ဂျင်းဟင်းချိုချက်ဖို အိပ်ရာကထရတယ်။

နေ့ခင်းဘက်ဆို သူအိပ်မပျော်ဘူး။ နေ့ခင်းဘက်တွင် ရိုက်ကူးရေးပေါင်းများစွာကို ပြုလုပ်ရတာကြောင့် ကားပေါ်တွင်ထိုင်ကာ မျက်လုံးမှိတ်ပြီး လှဲနေလိုက်တယ်။ ဝေ့မင်ကလည်း အလိုက်သိစွာနှင့်ပင် သူ့ကို မနှောင့်ယှက်ခဲ့ပေ။ သူသည် နောက်ခုံတွင်ထိုင်ကာ ယဲ့ကျင်းအန်း ၏အချိန်ဇယားကို အကျဉ်းချုံးပေးရင်း မကြာသေးမီကမှ ထွက်ပေါ်လာသော ကောလဟာလများကိုင်တွယ်ဖြေရှင်းခဲ့သည်။

ယဲ့ကျင်းအန်း ထိုကောလဟလတွေကို သိတဲ့အခါတွင် ထိုအကြောင်းက အတော်လေးပင် လူသိများနေပြီဖြစ်တယ်။

ယဲ့ကျင်းအန်း က ရယ်မောလိုက်သည်။ ရှနင်းဟွာသည် မခေသူတစ်ယောက်ဆိုပေမဲ့ သူမတစ်ယောက်တည်း လုပ်တာတော့မဖြစ်နိုင်ဘူး။ သူမနောက်ကွယ်မာ ကြိုးကိုင်သူတစ်ယောက်ယောက်တော့ရှိရမယ်။ ယဲ့ကျင်းအန်း သည် သူ့လက်ထဲက ဖုန်းကို ကစားနေပေမဲ့ မျက်လုံးတွေကတော့ ကြက်သီးထစရာကောင်းလောက်အောင်ပင် ကြောက်စရာကောင်းနေသည်။

ကြည့်ရတာတော့ သူမက သူသတိပေးခဲ့ရဲ့သားနဲ့ နားမထောင်တာပင်။

"ဟယ်လို၊ အကို" ယဲ့ကျင်းအန်း၏အသံသည် ငြိမ်သက်နေသည်။ ဝေ့မင်က သူ့အသံကြားတော့ အံ့အားသင့်စွာ ကြည့်လိုက်သည်။ ယဲ့ကျင်းအန်းက သခင်​လေးကို အရင်ဖုန်း​ခေါ်တယ်ပေါ့။

"ဘာဖြစ်တာလဲ?" ဖုန်းတစ်ဖက်ကနေ ဆွဲဆောင်မှုရှိပြီး တိုး​သော အသံတစ်သံထွက်လာတယ်။

"မင်းအနေနဲ့ ငါ့ကိုဖုန်းခေါ်ဖို့ဆိုတာ တော်တော်ရှားတယ်။ ဒီနေ့ ဘာနေ့ပါလိမ့်။ ဒီလို အံ့ဩစရာကောင်းပြီး ဂုဏ်ယူရတဲ့ နေ့မြတ်လေးကို ငါမှတ်ထားရမှာ‌ပေါ့"

"ကျွန်တော် ဒီပြဿနာကို ဒီတိုင်းထားလို့ မဖြစ်တော့ဘူး" ယဲ့ကျင်းအန်း က ပြတင်းပေါက်အပြင်ဘက်ကို မျက်မှောင်​ကြုတ်လှမ်းကြည့်ရင်း သူ့လက်ချောင်းနဲ့ မှန်ကို တွန်းလိုက်ပါတယ်။ သူက ပေါ့ပေါ့ပါးပါးနဲ့

မင်းလည်းငါ့ကိုကြိုက်နေတယ်ဆို《ဘာသာပြန်》Where stories live. Discover now