PART 45✨🟫

508 61 1
                                    

လက်တွေ့ဘဝဆိုတာ အမြဲတမ်း မျှော်လင့်ထားသလိုဖြစ်မလာပါဘူး။ တုယွီရှု တံခါးကိုဖွင့်လိုက်သောအခါတွင် ထိုလူက သူမကို ညင်သာစွာ ပြုံးပြနေသည်ကိုမြင်လိုက်ရသည်

"နင်ဘယ်လိုလုပ်ဒီကိုရောက်နေတာလဲ?" သူမက အံ့သြစွာ မေးလိုက်သည်

"မင်းကိုလွမ်းလို့" ယဲ့ကျင်းအန်းသည် သူ့ရဲ့လက်များကို နောက်တွင်ပစ်ထားရင်း ညင်သာစွာပြောလိုက်သည်။

မင်းကို လွမ်းလို့ရောက်လာတာ။

ရိုးရှင်းပြီး ဒဲ့တိုးဆန်တဲ့စကားတစ်ခွန်းပါပဲ၊ ဒါပေမဲ့ ထိုစကားက တုယွီရှုကို အံသြသွားစေခဲ့တယ်။

ကိုယ်မင်းကို လွမ်းလို့ တခြားမြို့ကနေ ကီလိုမီတာရာချီကို လေယာဉ်နဲ့ဖြတ်ပြီး တွေ့ဖို့ရောက်လာတာ။

တစ်မိနစ်လေးပဲတွေ့ရရင်တောင် အဆင်ပြေပါတယ်။

ယဲ့ကျင်းအန်းသည် ဒီရက်ပိုင်း သူမကို ချစ်ကြောင်းတွေ ထပ်ခါတလဲလဲ ပြောနေခဲ့သောကြောင့် သူမသည် သူနဲမျက်နှာချင်းဆိုင်တွေ့ပြီး ပြောဖို့ရာ စကားလုံးတွေ မစီနိုင်တော့ပေ။

သူမ၏ပါးပြင်များ နီမြန်းလာသည်။

ယဲ့ကျင်းအန်း၏ မျက်လုံးများက ပြုံးနေသောအရိပ်အယောင်ဖြင့် "မင်းကိုယ့်ကို အထဲ၀င်ဖို့ မဖိတ်တော့ဘူးလား"

တုယွီရှုက သူ့ကို စိုက်ကြည့်နေတယ်။ သူ့ကို နှစ်အတော်ကြာ စောင့်ကြည့်ခဲ့ဖူးတာကြောင့် သူ့ရဲ့ လှုပ်ရှားမှုသေးသေးလေးတိုင်းကိုတောင် သတိထားမိနိုင်ပါတယ်။

ယဲ့ကျင်းအန်း ၏ နားရွက်များသည် နီရဲနေသည်။

တုယွီရှုက ရယ်လိုက်ပြ "ငါ့အိမ်ကို ဘယ်သူမဆိုဝင်နိုင်တာမဟုတ်ဘူး"

"ငါ့အိမ်ထဲဝင်လိုက်တာနဲ့ ငါ့အပိုင်ပဲ။ နားလည်ရဲ့လား၊ ချာတိတ်လေး"

တုယွီရှုသည် တံခါးဘောင်ကို ပျင်းရိစွာမှီရင်း သူ၏ မေးစေ့ကို ဖုန်းဖြင့် ပုတ်လိုက်ကာ "နားလည်ပြီလား"

ယဲ့ကျင်းအန်း၏အမူအရာမှာ မပြောင်းလဲပေ။ သူကအေးဆေးစွာ ညင်ညင်သာသာ ခေါင်းညိတ်ပြပြီး "အင်း"

မင်းလည်းငါ့ကိုကြိုက်နေတယ်ဆို《ဘာသာပြန်》Onde histórias criam vida. Descubra agora