PART 4✨🟫

691 99 3
                                    

လွင့်မျောနေသော မက်မွန်ပွင့်များအောက်တွင် သူတို့မျက်လုံးချင်းဆုံမိ​ကြသည်

"ကဒ်! ကဒ်! ကဒ်!" ဒါရိုက်တာကျန်း က စိတ်တိုသွားပြီး "လေထုကအစပိုင်း အရမ်းကောင်းတယ်၊ ဒါပေမယ့် နောက်ကြတော့-!"

ဒါရိုက်တာကျန်း က ဇာတ်ညွှန်းကို မြေပြင်ပေါ်ပစ်ချလိုက်ပြီး "ဒီလူနှစ်ယောက်ကို ​ခေါ်သွားပြီး ကွပ်မျက်လိုက်!"

တုယွီရှု, "......" သူမ နားမလည်နိုင်​ပေမဲ့ အရှက်ကွဲသွားသလိုပဲ။

ယဲ့ကျင်းအန်း "....." တကယ်ရှက်စရာကောင်းတယ်။

ဒါရိုက်တာကျန်း က ဒေါသထွက်​နေတုန်းပဲ။ သူတို့နှစ်ယောက်ကြားက လေထုကအစပိုင်း အရမ်းကောင်းပေမယ့် မျက်လုံးချင်းဆုံလိုက်တာနဲ့....

ပျက်ဆီးသွားတယ်။

ရိုက်ချက်တစ်ခုလုံး ပျက်စီးသွားတယ်။

ဒီလူနှစ်ယောက်က တောင့်တင်းလွန်း​နေတယ်၊ စက္ကန့်ပိုင်းပဲ ရှိသေးတာတောင် ရိုက်ချက်တစ်ခုလုံး ပျက်ဆီးသွားတယ်။

ဒါရိုက်တာကျန်း ၏ မည်းမှောင်သောမျက်နှာကို မြင်လိုက်ရတော့ လက်ထောက်ဒါရိုက်တာလီ က သူ့ပခုံးကို လက်ဖြင့်ပုတ်ကာ "နောက်ဆုံးအဆင့်အနေနဲ့ တည်းဖြတ်တာပါပါတယ်"

ဒါရိုက်တာကျန်း၏ မျက်နှာသည် ပို၍ ညိုမဲလာသည်။

"ထွက်သွား!" ဒါရိုက်တာကျန်းက "ဇာတ်ညွှန်းကို သွားပြန်ကြည့်!"

တုယွီရှု နှင့် ယဲ့ကျင်းအန်းသည် ရိုက်ကွင်းမှ ဆင်းလာခဲ့ပြီး သူတို့၏ မျက်နှာများသည် ကြည့်မကောင်းလှပေ။ သူတို့နှစ်ယောက် အတူတူ လမ်းလျှောက်လာကြပေမဲ့ ငြင်းခုံခြင်း မပြုကြပါ။

လူနှစ်ယောက် စိတ်အခြေအနေမကောင်းကြဘူး၊ အဲဒါကို သူတို့ရဲ့ ခန္ဓာကိုယ်နဲ့တင် မြင်နိုင်တယ်။ တုယွီရှု က ပိုအေးစက်နေပြီး ယဲ့ကျင်းအန်းက ပိုစိမ်းသက်နေပုံရတယ်။

ဒါရိုက်တာ၏ဒေါသကြောင့် စတူဒီယိုသည် မိနစ်အနည်းငယ်ကြာအောင် တိတ်ဆိတ်သွားခဲ့သည်။

ဝမ်ကျဲ က တုယွီရှု ကို အမြန်ဆွဲလိုက်ပြီး အကျီကို အပေါ်မှာ ထပ်တင်ကာ ရေနွေးခွက်ကို ပေးလိုက်တယ်။ သူမသည် နှစ်သိမ့်စကားအချို့ကို ပြောချင်သော်လည်း နောက်ဆုံးတွင် စကားတစ်ခွန်းမှ ထွက်မလာခဲ့ပေ။ သူမသည် တုယွီရှု ကို ပွေ့ဖက်ပြီး ပခုံးနှစ်ဖက်ကိုသာ အကြိမ်ပေါင်းများစွာ ပွတ်သပ်နိုင်ခဲ့သည်။

မင်းလည်းငါ့ကိုကြိုက်နေတယ်ဆို《ဘာသာပြန်》Tempat cerita menjadi hidup. Temukan sekarang