တုယွီရှုသည် ဓာတ်လှေကားဆီသို့ လျှောက်သွားခဲ့သည်။ မန်ယွမ်ရူ နှင့် အခြားသူများသည် ရုတ်တရက်ကြောင်သွားပြီး ယဲ့ကျင်းအန်းကို အခန်းထဲသို့ ပြန်ခေါ်လာရင်း လေထုကို စိုပြေစေရန် ကြိုးစားနေကြသည်။ ဘယ်သူမှ သူ့ကို အရက်သောက်ဖို့ ဖိအားမပေးတော့သလို သူ့ကို လျစ်လျူသာရှုလိုက်ကြတယ်။ ယဲ့ကျင်းအန်းသည် ထောင့်စွန်းတွင် ငြိမ်သက်စွာ ထိုင်နေပြီး စကားတစ်ခွန်းမှဝင်မပြောပေ။
တုယွီရှုက ဓာတ်လှေခါးမှ အောက်သို့ ဆင်းလာခဲ့သည်။ နေကာမျက်မှန်လည်းတပ်မထားသလို သူမတွင် ဖုန်းလည်းပါမလာဘူး။ သူမရဲ့အိတ်က အပေါ်ထပ်မှာ ကျန်ခဲ့ပြီး သွားယူဖို့ရာ ပျင်းလွန်းလှပါတယ်။ သူမသည် ဟိုတယ်ဧည့်ခန်းရှိ ဆိုဖာပေါ်တွင်ထိုင်နေပြီး ကြမ်းပြင်ကိုငုံ့ကြည့်ကာ နားထင်များကို နှိပ်နယ်လိုက်သည်။ သူမသည် ထိုနေရာတွင် နာရီဝက်ကျော် ထိုင်နေသော်လည်း မည်သူမှဂရုမစိုက်ကြပေ။
အပေါ်ထပ်မှာ လူတိုင်းကသောက်နေခဲ့ကြပြီး ချက်ချင်းလက်ငင်းဆိုသလို မူးရူးလာကြတယ်။ ယဲ့ကျင်းအန်းသည် သူ့နဖူးကို ပွတ်သပ်ကာ မျက်မှောင်ကြုတ်ပြီး ထထွက်သွားဖို့လုပ်လိုက်သည်။
ထိုအခိုက်တွင် ယန်ယုပေါ်သည် ထလာပြီး သူ့ဘက်သို့ လှည့်လိုက်သည်။ ယဲ့ကျင်းအန်း၏ပခုံးကို ပုတ်ပေးလိုက်ပြီး " အစ်ကိုယဲ့ မိန်းကလေးတွေဆိုတာ ချော့ပြောမှရတာ"
"အစ်မတု ဘယ်လောက်ပဲကြံခိုင်တဲ့ပုံပေါက်ပေါက် သူလည်း မိန်းကလေးပဲလေ။ အစ်မတုက မာနကြီးတော့ သူ့ဘက်ကတော့ အရင်အလျှော့ပေးလာမှာမဟုတ်ဘူး။"
"အစ်ကိုက အရွယ်ရောက်ပြီးသားလူပဲကို၊ အရင်မတောင်းပန်ဘဲနဲ့ သူ့ကိုအလျှော့ပေးစေချင်လို့ဘယ်ရမလဲ။ အစ်ကိုတို့ရှစ်နှစ်လောက် မတည့်ခဲ့ကြတာက အစ်ကိုတို့နှစ်ယောက်ကြားမှာ နားလည်မှုလွဲတာတွေ ရှိနေကြလို့ဖြစ်မယ်။ ဒီရိုက်ကူးရေးလုပ်နေတဲ့အတောအတွင်း အစ်ကိုတို့ကြားမှာ ပြဿနာကြီးကြီးမားမားရှိတာကို မတွေ့ဖူးဘူး။ နားလည်မှုလွဲနေတာလေးဆိုရင် ဖြေရှင်းပြီး ပြန်စပေါ့။"
![](https://img.wattpad.com/cover/300340642-288-k756475.jpg)
CITEȘTI
မင်းလည်းငါ့ကိုကြိုက်နေတယ်ဆို《ဘာသာပြန်》
DragosteTitle - I Heart you like me too {聽說你也喜歡我} Total - 56 Episode + 6 Side storie Author - 夢千航 NOT MY WORK JUST TRANSLATION CREDIT TO ORIGINAL AUTHOR AND ENGLISH TRANSLATOR.