PART 27✨🟫

446 82 1
                                        

သူတို့နှစ်ဦးသည် ကုမ္ပဏီက ဖိအား​ပေးမည်ကို ကြောက်ရွံ့ကာ ခံစားချက်များကို ဖိနှိပ်ကာ ရန်ဖြစ်ချင်ဟန်ဆောင်နေကြသော်လည်း လက်တွေ့မှာ သူတို့ရန်ဖြစ်ရသည့်အခါတိုင်း သူတို့ရဲ့ ရင်ဘတ်ကို ဓားနဲ့ထိုးသလိုခံစား​နေရကြောင်း ဝမ်ကျဲနားလည်လာပါတယ်။

ဝမ်ကျဲက မျက်ရည်တွေကျချင်လာပြီး "ကုမ္ပဏီက မင်းတို့နှစ်ယောက်ကိုခွဲချင်မှာဆိုပေမယ့် ငါ နင်တို့ကိုကူညီပေးမယ်။ ဒါပေမယ့်နင်တို့ကငါ့ကို​ဖုံးကွယ်ရဲတယ်!"လို့ပြောလိုက်ပါတယ်။

"​ပြီး​တော့ နင်တို့ကြောင့် ငါဘယ်လောက်တောင် ခေါင်းစားခဲ့ရတယ်ဆိုတာသိလား" လို့ဝမ်ကျဲကဒေါသတကြီးအော်လိုက်ပါသည်။

"နင်တို့ကြောင့် ငါ့နှလုံးသားကခဏခဏရင်ထိတ်နေရပြီး​တော့.နှလုံးရောဂါတောင်ရတော့မယ်။ မျက်နှာမှာလည်း အရေးအကြောင်းတွေပေါ်လာပြီ။ နင်တို့ ငါ့ကို ဘယ်လို လျော်ပေးမှာလဲ"

"ပိုက်ဆံနဲ့လျော်လို့မရဘူး!"ဝမ်ကျဲက ဒေါသတကြီးနဲ့ ဆက်ပြောလိုက်ပါတယ်

"ငါ့လူငယ်ဘဝကို ပိုက်ဆံနဲ့ လျော်ကြေးပေးလို့ရမလား။ ဟာသ​တွေမပြောနဲ့!"

တုယွီရှု၊ "......"

ယဲ့ကျင်းအန်း၊ "........."

တုယွီရှုက ဝမ်းနည်းစွာဖြင့် ခေါင်းကို ပွတ်သပ်ရင်း "ဝမ်ကျဲ၊ ငါနင်ကိုခဏခဏပြောတယ်နော်၊ ဒီလို ယုတ္တိမရှိတဲ့ ဇာတ်ကားတွေမကြည့်နဲ့တော့လို့။ ဒီလိုသာဆက်လုပ်နေရင် နင်တကယ်ရူးသွားလိမ့်မယ်"

"ကိုယ့်ကိုကိုယ်ပြန်စဉ်းစားကြည့်ဦး" တုယွီရှုက အားမရသလို ပြောလိုက်ပါတယ် "၃နှစ်သားကလေးရဲ့ IQ ကတောင် နင့်ထက်မြင့်​လောက်တယ်!"

ဝမ်ကျဲ ဆွံ့အသွားပြီး "နင်တကယ်...!"

ယဲ့ကျင်းအန်းက သနားသဖြင့် တုယွီရှု၏ ပခုံးကို ပုတ်လိုက်တယ်။ ထိတွေ့မှုကြောင့် တုယွီရှု၏ ခန္ဓာကိုယ် တောင့်တင်းသွားတယ်။ ယဲ့ကျင်းအန်းက ဘယ်သူ့ကိုမထောက်ပဲ "မင်းအတွက်တကယ်ခက်ခဲမှာပဲနော်" လို့ ပြောလိုက်ပါတယ်။

ယဲ့ကျင်းအန်းက "ကိုယ်ဝေ့မင်ကို မင်းဆီရက်နည်းနည်းလောက် ကူညီဖို့လွှတ်ပေးရမလား။ မင်းအရမ်းကြိုးစားဖို့မလိုပါဘူး။ ပင်ပန်းလိမ့်မယ်"

မင်းလည်းငါ့ကိုကြိုက်နေတယ်ဆို《ဘာသာပြန်》Tempat cerita menjadi hidup. Temukan sekarang