ကားကို ကားပါကင်မှာ အသာလေး ရပ်ထားလိုက်သည့်အချိန်မှာ တစ်စုံတစ်ယောက်က ကားမှန်ကိုလာခေါက်သည်။ ဝမ်ကျဲက "ဆရာ?!"
တုယန်စု ကကားထဲကိုဝင်သွားပြီး "Palette ကိုသွား၊ ငါဘွတ်ကင်ချိတ်ထားတယ်" ဟု ငြင်ငြင်သာသာပြောလိုက်သည်။
"ကလေး မစားရသေးဘူးမလား"
"ပင်ပန်းနေတာလား၊ ခေါင်းရောကိုက်နေလား" တုယန်စု သည် နောက်ဘက်တွင်ထိုင်ကာ စိတ်ရှုပ်နေသော တုယွီရှု ကို ကြည့်လိုက်သည်။ သူက ညင်သာစွာ ပြုံးပြပြီး " မစားရသေးဘူးမလား၊ ငါသာဒီနေ့ရောက်မလာခဲ့ရင် မင်းဒီမှာတင် အိပ်ပျော်သွားတော့မှာ ဟုတ်တယ်မလား"
တုယွီရှု ဆက်ကနဲတုန်လှုပ်သွားပြီး သူ့မျက်လုံးများက မယုံနိုင်လောက်အောင်ဖြစ်နေသည်။ "ကိုကြီး"
"ဟုတ်တယ်၊ ငါလေ" တုယန်စု က ပြုံးပြီး "ကိုယ့်အစ်ကိုကိုတောင် တစ်ခါလောက်မဖက်တော့ဘူးလား။ တခါမှမမြင်ဖူးသလိုကြီးကြည့်နေတာပဲ။ ကြာရင်ကိုကြီးဝမ်းနည်းမိလိမ့်မယ်နော်"
တုယွီရှု က ခပ်စွာစွာဖြင့် ဝမ်းသာအားရပြောကာ "ကိုကြီးက ဘယ်လိုလုပ်ဒီကိုရောက်နေတာလဲ"
"ကိုယ့်ညီမလေးကို လွမ်းပြီးတွေ့ချင်လို့ဆိုပြီးရောက်လာတာ။ ဘာလဲ၊ မယုံဘူးလား" တုယန်စု က ညင်သာစွာ ရယ်မောပြီး သူမဆံပင်တွေကို သပ်လိုက်ကာ "အသိတရားမရှိတဲ့ကောင်မစုတ်လေး၊ မတွေ့ရတာကြာတာတောင် ကိုယ့်အစ်ကိုကို မလွမ်းဘူးပေ့ါ"
"ကိုကြီးကို လွမ်းတာပေါ့" လို့ တုယွီရှု က ပြောလိုက်တယ် "အရမ်း အရမ်းကို လွမ်းနေတာ"ဆိုပြီး။
"လွမ်းနေတာ ကိုကြီးသိတာပေါ့။ အဲ့ဒါကြောင့်ပဲကြိုမပြောတာ။ မင်းကိုကြီးကိုပိုလွမ်းလာရင် ဘယ်လိုလုပ်မလဲ" တုယွီရှု က ကောက်ကျစ်တဲ့ မြေခွေးလေးလို ပြုံးပြီး "ကိုကြီးသာညီမလေးကို နေ့တိုင်းလွမ်းနေရင် ညီမလေး အရမ်းစိတ်မကောင်းဖြစ်မိလိမ့်မယ်"
"ကိုကြီးကို ဘယ်လိုစကားတွေနဲ့ ချုပ်ရမလဲဆိုတာတော့သိတယ်နော်"ဟု တုယန်စုက ပြောလိုက်သည်။ သူ့မျက်နှာက နူးညံ့သိမ်မွေ့လာပြီး တုယွီရှု ကို ပွေ့ဖက်လိုက်သည်။

YOU ARE READING
မင်းလည်းငါ့ကိုကြိုက်နေတယ်ဆို《ဘာသာပြန်》
RomanceTitle - I Heart you like me too {聽說你也喜歡我} Total - 56 Episode + 6 Side storie Author - 夢千航 NOT MY WORK JUST TRANSLATION CREDIT TO ORIGINAL AUTHOR AND ENGLISH TRANSLATOR.