PART 39✨🟫

356 58 0
                                    

လူတိုင်း တိတ်ဆိတ်နေခဲ့သည်။ ဒါရိုက်တာက ဖန်သားပြင်ကို ပြုံးပြနေခဲ့သည်။

တုယွီရှု မာ ဒီလိုခံစားမှုမျိုးစုံရှိမယ်လို့ ဘယ်သူက ထင်ခဲ့မှာလဲ။

"မင်း...." ယဲ့ကျင်းအန်း က သူမ ပါးစပ်ထောင့်ကို သုတ်ပေးလိုက်တဲ့အခါမှာ သူ့နှလုံးသားထဲ ကြီးမားသောလှိုင်းလုံးကြီး ရိုက်ခတ်သွားသလို ခံစားလိုက်ရသည်။ ဒါက သွယ်ဝိုက်တဲ့အနမ်းမဟုတ်ဘူးလား။

"တစ်ကိုယ်ရေသန့်ရှင်းမှုကို ဂရုမစိုက်ဘူးလား" ယဲ့ကျင်းအန်း ပြတ်ပြတ်သားသား မေးလိုက်သည်။

တုယွီရှု က လေပူတစ်ချက်မှုတ်ထုတ်လိုက်ပြီး သရဲပုံစံဝတ်ထားတဲ့ အမျိုးသမီးဝန်ထမ်းကို လှည့်ကြည့်ပြီး " ယဲ့ကျင်းအန်းက နင့်ကို မထီမဲ့မြင်ပြုနေတယ်လေ၊ နင်သည်းခံနေမှာလား။ ကြောက်အောင်ခြောက်လိုက်စမ်းပါ။"

ဝန်ထမ်း "......" တ​ခြားလူတွေဆီကကြားတာထက်ကိုယ်တိုင်ကြုံတွေ့ရတာက ပိုကောင်းတယ်။ ယဲ့ကျင်းအန်း နဲ့ တုယွီရှုတို့ရဲ့ ဆက်ဆံရေးက အဆင်ပြေနေတယ်မဟုတ်ဘူးလား။

သရဲပုံစံဝတ်ထားတဲ့​ဝန်ထမ်းက မစ်ရှင်ကို တိုးတိုးလေးပြောလိုက်တယ် "အဖြေလိုချင်လား၊ ရတနာမြေပုံကို လိုချင်လား၊ အနိုင်ရချင်လား။"

"ငါ့ကိုနိုင်ရင် လိုချင်တာကိုရနိုင်တယ်..."

"ကျောက်တုံး၊ စက္ကူ၊ ကတ်ကြေး သုံးပွဲဆော့ရမယ်။ ငါ့ကိုနှစ်ကြိမ်အနိုင်ရရင် ဆုလာဘ်ကို ရလိမ့်မယ်။" ဝန်ထမ်း၏အသံသည် ချက်ချင်းပုံမှန်ဖြစ်သွားသည်။ တုယွီရှု ပုံစံကတော့ သနားစရာ ပေါက်သွားပါသည်။

ယဲ့ကျင်းအန်းက တောင့်တောင့်ကြီး မတ်တပ်ရပ်နေပြီး ကစားရန် အသင့်ဖြစ်နေပြီ ဖြစ်သော သူ့လက်ကို ဖြည်းညှင်းစွာ ဆန့်ထုတ်လိုက်ပြီး မျက်လုံးတွေကတော့ လေးနက်နေသယောင်ပင်..

သူ့ကိုဒီလိုမြင်ရတော့ တုယွီရှု က အခုလက်ရှိအခြေအနေကိုထိန်းသိမ်းထားချင်ပြီး ဝန်ထမ်းကို ပြုံးပြကာ "ဂိမ်းကို ပြောင်းလို့ရလား။ ယဲ့ကျင်းအန်းကို ကြည့်ပါဦး။ သူ့ရဲ့ဒီလိုပုံစံနဲ့ နင့်ကိုနိုင်လိမ့်​မယ်လို့ ထင်လား"

မင်းလည်းငါ့ကိုကြိုက်နေတယ်ဆို《ဘာသာပြန်》Where stories live. Discover now