PART 33✨🟫

399 55 0
                                    

"မင်းက ငါ့က​​လေး​လေးနဲ့ မထိုက်တန်ဘူး။"

အဲဒီစကားက သူ့ရဲ့ ရင်၀ကို ဓားနဲ့ ထိုးလိုက်သလိုပါပဲ။

ယဲ့ကျင်းအန်း ၏ အမူအရာမှာ မပြောင်းလဲသော်လည်း သူ့နှလုံးသား နာကျင်စွာ ခံစား​နေရသည်။ တခြားသူတွေရဲ့အမြင်မှာ သူနဲ့ တုယွီရှုက တကယ်ကို လိုက်ဖက်မှုမရှိဘူးလား။

"မင်းနဲ့ဘာဆိုင်လို့လဲ" ယဲ့ကျင်းအန်း က ထုတ်ဖော်မပြောပေမဲ့ သူ့မျက်လုံးများက ​လှောင်ပြောင်နေသယောင်။ "မင်းက သူ့အတွက် တကယ်ပဲ ဒီဆုံးဖြတ်ချက်ကို ချပေးနိုင်လို့လား"

"မင်းမှာငါ့ကိုဘာပြောပိုင်ခွင့်ရှိလို့လဲ"

ယဲ့ကျင်းအန်း၏ မျက်လုံးများကနေ သေချာတယ်ဆိုတယ့် အကြည့်တစ်ချက်ထွက်လာပြီး "ခင်ဗျားက သူရဲ့အစ်ကိုမလား"

မျက်နှာသွင်ပြင်ကတော့ သိပ်မတူပေမယ့် မျက်လုံးကတော့ နည်းနည်းဆင်တူပါတယ်။ ယဲ့ကျင်းအန်းသည် လေယာဉ်ပေါ်တွင် ထိုနေ့က သူမအစ်ကိုအတွက် ငိုကြွေးနေသော ကလေးမလေးကို ရုတ်တရက် သတိရသွားသည်။

အစ်ကိုကို လှမ်းခေါ်ရင်း စိတ်ပျက်လက်ပျက် နာကျင်စွာ အော်ဟစ်ငိုယိုကာ ရုန်းကန်နေသောကလေးမလေး။

အခု သူ့ရှေ့က လူက အဲ့ဒီလူလား။

တုယန်စု၏ မျက်လုံးများက မသဲကွဲတဲ့ ခံစားချက်အချို့ကို ဖော်ပြနေသည်။ သူသည် ယဲ့ကျင်းအန်း ၏ဘေးကပ်လျက်တွင် ထိုင်လိုက်ပြီး "သူ(မ)က ကျွန်တော့်အတွက်တော့ ရတနာတစ်ခုလိုပဲ၊ မစ္စတာယဲ့" ဟု ဂရုမစိုက်ဟန်ဖြင့်ပြောလိုက်သည်။

"မိဘတွေရဲ့သားသမီးတွေအပေါ်ထားတဲ့ ဂရုစိုက်မှုနဲ့ ချစ်ခြင်းမေတ္တာတွေကို မင်းနားလည်နိုင်လောက်မှာပါ။ သူတို့သားသမီးတွေ နာကျင်မှာကို ကြောက်​ကြတယ်လေ။ ကျွန်တော်က သူ့အစ်ကိုဆိုပေမယ့် သူ့အပေါ်ထားတဲ့ချစ်ခြင်းမေတ္တာက ကမ္ဘာပေါ်ကမိဘတွေရဲ့ ထက်ဝက်ထက်တော့ မနည်းပါဘူး" တုယန်စု၏ အပြုအမူများသည် ပြေပြစ်ကောင်းမွန်ပြီး သူ့မျက်လုံးများကတော့ အနည်းငယ်ပြုံးနေကာ "ဒါကြောင့် ကျွန်တော် သူမနာကျင်တာ မမြင်ချင်ဘူး။ ဒီခံစားချက်ကို မစ္စတာယဲ့ နားလည်မယ်လို့မျှော်လင့်ပါတယ်"

မင်းလည်းငါ့ကိုကြိုက်နေတယ်ဆို《ဘာသာပြန်》Onde histórias criam vida. Descubra agora