PART 35✨🟫

394 59 0
                                    

တုယွီရှု နဲ့ ယဲ့ကျင်းအန်းတို့ဟာ သူတို့ရဲ့ ဇာတ်ဝင်ခန်းတွေကို အလွယ်တကူ ရိုက်ကူးပြီးသွားကြပါတယ်။ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက အရင်ကထက် ပိုကောင်းလာပေမယ့် အချစ်ဇာတ်ဝင်ခန်းတွေမှာ NG ဖြစ်နေတုန်းပါပဲ။ ဒါ့အပြင် သူတို့ဟာ ဇာတ်ညွှန်းကို လိုက်လျောညီထွေဖြစ်ပြီး ဇာတ်ကားရဲ့ ခံစားချက်ကို မလိုက်နာတာကြောင့် ရိုက်ကူးရေးက တော်တော်လေး အောင်မြင်ခဲ့ပါတယ်။

မနက်ခင်းအတွက် သူမရိုက်ကွက်တွေ ပြီးသွားတဲ့အခါ တုယွီရှုက မိတ်ကပ်ဖျက်ဖို့ သွားခဲ့တယ်။ အမျိုးသားဇာတ်လိုက်ဖြစ်တဲ့ ယဲ့ကျင်းအန်း နဲ့ ယှဉ်ရင် သူမရဲ့ ဇာတ်ဝင်ခန်းတွေက အားစိုက်ဖို့ရန်နည်းပါးတဲ့အတွက် အနားယူချိန် ပိုရခဲ့ပါတယ်။

သူမမိတ်ကပ်အားလုံးကို ဖယ်ရှားပြီးနောက် ဝမ်ကျဲသည် သူမ၏လက်ကိုဆွဲကာ နား​နေခန်းသို့ ဆွဲ​ခေါ်သွားခဲ့သည်။ တုယွီရှု ပျင်းရိစွာ သမ်းဝေပြီး "ဘာလဲ" ဟု မေးသည်။

"နင်တို့နှစ်ယောက် ထပ်ဖြစ်နေတဲ့ပြဿနာကိုကြည့်လိုက်ဦး!" ဝမ်ကျဲ သည် သူမသတင်းကိုပြသရန် တက်ဘလက်ကို တုယွီရှုအား ပေးလိုက်သည်။ သူမသည် တုယွီရှုကို လက်ညိုးထိုးကာ ဒေါသတကြီးနဲ့ "နင်​အကြောင်း သတင်းတွေ ဘယ်လိုရေးနေလဲ ကြည့်စမ်း!"

"'တိတ်တခိုးချစ်သူဖြစ်နေကြတာ ရှစ်နှစ်ရှိ​နေပြီး ကုမ္ပဏီကသဘောမတူလို့ မတည့်ချင်ယောင်ဆောင်နေကြတယ်။' နင်တို့နှစ်ယောက်က 'တစ်ယောက်နဲ့တစ်ယောက် ​ကြိုက်​နေလို့ လူတွေရှေ့မှာ ရန်ဖြစ်ခဲ့​ပြပြီး မုန်းတီးခဲ့ကြတယ်။' 'နှစ်ယောက်သားအတူနေပြီးလို့ ကလေးတောင်ရနေကြပြီ။' တဲ့ ဒီအဓိပ္ပာယ်မရှိတာတွေကို ကြည့်စမ်းပါအုန်း။!" ဝမ်ကျဲ က ဒေါသတကြီးဖြင့် တက်ဘလက်ကိုကိုင်လိုက်ပြီး "မင်းတို့ တွဲချင်ရင် တွဲလို့ရတယ်၊ ဒါပေမယ့် ကုမ္ပဏီကို သိပ်ဒုက္ခမပေးနဲ့!"

"ဒါပေမယ့် ရေးထားတာ တော်တော်ကောင်းတယ် မဟုတ်ဘူးလား။ ဇာတ်ကွက်တချို့ ထပ်ထည့်လိုက်ရင် မြူးမြူးကြွကြွအချစ်ဒရာမာတစ်ပုဒ် ဖြစ်သွားနိုင်တယ်။" တုယွီရှု က ကုလားထိုင်ပေါ် ပျင်းရိစွာ လှဲလိုက်ပြီး "ပြီးတော့ အရှုပ်အရှင်းတိုင်းကိုရှင်းရမယ်ဆို နာမည်ကြီးတွေက မပင်ပန်းရဘူးလား"

မင်းလည်းငါ့ကိုကြိုက်နေတယ်ဆို《ဘာသာပြန်》Where stories live. Discover now