PART 49✨🟫

62 4 0
                                    

ယုတ္တိရှိရှိပြောရရင် နံနက် ၃း၅၃ ဆိုတဲ့အချိန်ဟာ ယေဘူယျအားဖြင့် လူတိုင်းအိပ်ပျော်နေချိန်ဖြစ်သည်။ ဒါပေမဲ့ စုန့်ချန် ၏ သတင်းသည် မီးတောင်ကဲ့သို ပေါက်ကြားခဲ့ပြီး အင်တာနက်ပေါ်တွင် လျင်မြန်စွာ ပျံ့နှံ့သွားဖိုဆိုရာ အလွန်ဖြစ်နိုင်ခြေနည်းပါးသည်။ မိနစ်နှစ်ဆယ်မပြည့်မှီ၊အဲ့ဒီအကြောင်းအရာဟာ လူကြည့်အများဆုံးစာရင်း၏ တတိယနေရာသို့ပင် ရောက်သွားခဲ့လေသည်။

စုန့်ချန်သည် ကြောက်ရွံမှုမှ နိုးထလာစေရန် သူမ၏ လက်များကို ကိုက်လိုက်သည်။ အခုအချိန်မာ ဆင်ခြင်တုံ့တရားနဲ့ တွေးရမယ်။

ကုမ္ပဏီသို့ သတင်းရောက်လား မရောက်လားမသိ၊ သူမ၏ အေးဂျင့်ကိုပင် ဆက်သွယ်၍မရပေ။ အရာအားလုံးက အရမ်းမြန်တယ်။ နောက်ကွယ်မှာ ကြိုးကိုင်မယ့်သူမရှိဘူးလို့ တစ်ယောက်ယောက်ကပြောလာရင်
စုန့်ချန် ယုံမာမဟုတ်ဘူး။

စိတ်အေးအေးထားရမယ်၊ စိတ်အေးအေးထား၊ စိတ်အေးအေးထားပါ၊ စုန့်ချန် အသက်ပြင်းပြင်းရှူလိုက်သည်။ သူမသည် စိတ်တည်ငြိမ်စေရန် အရင်လုပ်လိုက်ပြီး ထိုပုံများကို သေသေချာချာကြည့်သည်။

ဒီလိုဓာတ်ပုံတွေကို အရင်က တစ်ခါမှ မရိုက်ဖူးဘူးဆိုတာ ရှင်းပါတယ်။ သူမသည် ဒီအရွယ်ရောက်သည်အထိ ရည်းစားတစ်ယောက်သာ ရှိဖူးခဲ့သည်။ ဒီရုပ်ရှင်ကားကြီးကို သူတို့ တစ်ခါမှ မရိုက်ဖူးဘူးဆိုတော့ ဒီဓာတ်ပုံတွေက ဘယ်ကလာတာလဲ။

တစ်စုံတစ်ယောက်က သူမအိမ်မှာ ကင်မရာတွေ လျှို့ဝှက်တပ်ဆင်ခဲ့သလား။

စုန့်ချန်သည် ထိုဓာတ်ပုံများကို တစ်ချက်ကြည့်လိုက်သည်။ သူမနှင့် တူသည့်နေရာမရှိပေ၊ ပုံထဲက အမျိုးသမီးက သူမနဲ့ လုံးဝမတူပါဘူး။

photoshopလုပ်ထားတာများလား။

ထိုအချိန်အထိ တွေးတောရင်း စုန့်ချန်၏ စိတ်တွေ ကျဥ်းကျပ်လာရသည်။ သူမကို ပျက်စီးအောင်လုပ်ဖို ဒီဓာတ်ပုံတွေအားလုံးကို စုစည်းဖို့ ဘယ်လောက်တောင်အားစိုက်ထုတ်ရမလဲ။

စုန့်ချန်က သူမကိုယ်သူမ စိတ်အေးအောင်ထားပြီး သူမရှေ့က အခြေအနေကို ခွဲခြမ်းစိတ်ဖြာဖို့ တွန်းအားပေးခဲ့တယ်။ သူမ၏ အေးဂျင့်နှင့် သူမ၏ ကုမ္ပဏီနှစ်ခုလုံးနဲ့ အဆက်အသွယ် မရခဲ့သည်ကို ကြည့်လျှင် ထိုလူက ကုမ္ပဏီကို ကြိုတင်အကြောင်းကြားထားသည့်ပုံပင်။ ကုမ္ပဏီက သူမကို လျစ်လျူရှုဖို့ မည်သည့်အကျိုးကျေးဇူးများကို ယးထားသနည်း။

မင်းလည်းငါ့ကိုကြိုက်နေတယ်ဆို《ဘာသာပြန်》Tahanan ng mga kuwento. Tumuklas ngayon