PART 23✨🟫

508 77 1
                                    

ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ယဲ့ကျင်းအန်းက "သွားစို့" ဟု ညည်းတွားသည်။

"ဘာလို့လဲ?" တုယွီရှု မသိစိတ်က မေးလိုက်သည်။

ထိပ်တန်းမင်းသမီးတု၊ ချိန်းတွေ့တာမပြီးသေးဘူးလေ" ယဲ့ကျင်းအန်းက တိုးတိုးလေးရယ်တယ်။ သူသည် ဧကရာဇ်မင်းတစ်ပါးကဲ့သို့ ခေါင်းကို အနည်းငယ်မော့ကာ "သွားရအောင်" ဟု ရိုးရိုးရှင်းရှင်း ပြောလိုက်သည်။

နှစ်ယောက်သား တိတ်ဆိတ်စွာ လျှောက်သွားကြသည်။ ယဲ့ကျင်းအန်း နှင့် တုယွီရှု တို့သည် စကားမပြောကြသောကြောင့် ပန်းခြံပတ်ပတ်လည်တွင် တိတ်တိတ်ဆိတ်ဆိတ်သာ ​ဖြစ်​နေသည်။ စောစောက ကြုံခဲ့တဲ့ မိန်းကလေးတွေအပြင် သူတို့တွေ့ခဲ့တာ လူဆယ်ယောက်လောက်ပဲ ရှိသေးတယ်။

"ရောက်ပြီ၊ သွားမယ်" ယဲ့ကျင်းအန်း ရုတ်တရက် ရပ်တန့်သွားသည်။ တုယွီရှု မော့ကြည့်လိုက်ပြီးနောက် အေးစက်စွာ မျက်မှောင်ကြုတ်ကာ "ချားလား?"

"မစိးဘူး" တုယွီရှုက ချက်ချင်းပြောလိုက်တယ်။

"မစီးချင်တာလား ဒါမှမဟုတ် မစီးရဲတာလား" ယဲ့ကျင်းအန်းက ပြုံးပြီး "မင်းသာဒီနေ့ မစီးဘူးဆိုရင် ထိပ်တန်းမင်းသမီးတုရဲ့အားနည်းချက်ကိုကျွန်တော်ရှာ​တွေ့ပြီထင်တယ်"

"အ​မြင့်ကြောက်တယ်ဆိုတော့၊ ထိပ်တန်းမင်းသမီးတု၊ အဲဒါ Acrophobia များလား"

တုယွီရှု၏အမူအရာ တင်းမာလာသောအခါ ယဲ့ကျင်းအန်းက လှောင်ပြောင်ပြုံးပြလိုက်သည်။ မာနကြီးတဲ့သူမက ယဲ့ကျင်းအန်း ရှေ့မှာ ဘယ်တော့မှ ခေါင်းငုံ့မှာမဟုတ်ဘူး။

တခြားလူတွေဆိုရင်တော့ အဆင်ပြေပေမယ့် ယဲ့ကျင်းအန်းဆိုရင်တော့...

"ဘာကြောက်စရာရှိလို့လဲ" တုယွီရှုက "ရုပ်ရှင်ဧကရာဇ်ယဲ့ ကိုယ့်ကိုကိုယ်ပဲစိတ်ပူသင့်တယ်"

"ကြွပါ" ယဲ့ကျင်းအန်းသည် တုယွီရှု၏တိုက်ခိုက်မှုကို လျစ်လျူရှုလိုက်သည်။ သူက ခါးကို အနည်းငယ်ကွေးပြီး ယဉ်ကျေးသိမ်မွေ့သောဟန်ဖြင့် သူ့လက်ကို ဆန့်ထုတ်လိုက်ကာ တုယွီရှုကိုဦးစွာသွားခိုင်းလိုက်သည်။

မင်းလည်းငါ့ကိုကြိုက်နေတယ်ဆို《ဘာသာပြန်》Where stories live. Discover now