တုယွီရှု က ဒါကို ရယ်စရာကောင်းတယ်လို့တွေးမိတယ်။ သူမကို ၁၃ နှစ်အရွယ် မိန်းကလေးလို့ ထင်နေလားမသိဘူး။ သူမသည် တစ်ခါတစ်ရံ နုံအတတ်သော်လည်း အကောင်းနှင့်အဆိုးကို ခွဲခြားတတ်ပါသေးသည်။ သူမဆီရောက်လာတဲ့ စာတစ်စောင်ကြောင့် တစ်စုံတစ်ဦးနှင့် တွေ့ဖို့ရန် အလျှင်အမြန်ထွက်ခဲ့လျှင် သူမသည် ဖျော်ဖြေရေးလုပ်ငန်းနှင့် ရောနှောနေမည်မဟုတ်ပေ။
သူမ မိုက်မဲလွန်းရာများကျနေသလား။
တုယွီရှုက နောင်တမကင်းစွာဖြင့် သူမ၏ပါးပြင်ကို ထိလိုက်ပြီးနောက် မက်ဆေ့ချ်ကို ဖျက်ကာ နံပါတ်ကို ဘလော့ထားလိုက်သည်။ ဒီလူက သူ့ဖုန်းနံပါတ်ကို ဘယ်လိုရခဲ့တာလဲဆိုတာကို သူမ အရမ်းသိချင်ပေမယ့် ညနက်မှ အပြင်ထွက်ဖို့ စိတ်မဝင်စားပါဘူး။သူမ အရမ်း ပျင်းနေလို့ မဟုတ်ဘူး ။
"ဘာဖြစ်တာလဲ?" တုယန်စု သမ်းလိုက်သည်။ လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း သူသည်ဒီကိုလာဖို့အတွက် သူ့အလုပ်များကို အလျင်စလို လက်စသတ်နေခဲ့သည်။ သူက မျက်လုံးတွေကို မှိတ်ထားပြီး "ညီမလေးက မျက်မှောင်ကြုတ်ထားတော့ မသိရင် ကိုကြီးနဲ့ ရှိနေတာကိုမပျော်တဲ့ပုံပဲ။"
"ကိုကြီး ကိုယ့်ကိုကိုယ် အ့လိုမပြောပါနဲ့။ ဒီလောက်ချောတဲ့ လူတစ်ယောက်ကအနားရှိတော့ ငါကိုယ်တော်က အရမ်းပျော်တယ်။" တုယွီရှု က ပြုံးပြီး ရယ်မောရင်း "ဒီတိုင်း spam မက်ဆေ့ခ်ျတစ်စောင်ပါပဲ။ ကိုကြီးကိုယ့်ကိုကိုယ်လည်းကြည့်ပါအုန်း။ မျက်လုံးတောင် မဖွင့်နိုင်တော့ဘူး။ သွားပြန်အိပ်လိုက်လေ"
တုယွီရှု က "အဲဒီလူကတကယ်ဒီမှာလား"
တုယန်စုက သူမ ဘယ်သူ့အကြောင်းပြောနေတယ်ဆိုတာကို သိသည်။ သူက လက်ကို ဆန့်တန်းလိုက်ပြီး နှစ်သိမ့်တဲ့ပုံစံနဲ့ သူမခေါင်းကို ပွတ်သပ်ရင်း "မဟုတ်ပါဘူး၊ တစ်စုံတစ်ယောက်ကို ငါ့တို့မောင်နှမတတွေကြား လိုက်မနှောင့်ယှက်စေချင်ရုံပါ။"
"ကိုကြီးနဲ့ ယဲ့ကျင်းအန်းက မြင်မြင်ချင်းရင်းနှီးသွားတယ်လို့ ပြောခဲ့တာမဟုတ်ဘူးလား။" တုယွီရှုက ပြုံးပြုံးလေး မေးသည်။

ŞİMDİ OKUDUĞUN
မင်းလည်းငါ့ကိုကြိုက်နေတယ်ဆို《ဘာသာပြန်》
RomantizmTitle - I Heart you like me too {聽說你也喜歡我} Total - 56 Episode + 6 Side storie Author - 夢千航 NOT MY WORK JUST TRANSLATION CREDIT TO ORIGINAL AUTHOR AND ENGLISH TRANSLATOR.