ယဲ့ကျင်းအန်း ပြန်ရောက်သောအခါ၊ သူသည် နေ့လယ်ခင်းတစ်ခုလုံး ချိန်းတွေ့သည့်ပို့စ်များကို ရှာဖွေနေခဲ့သည်။ ချိန်းတွေ့ခြင်းမပြုဖူးသော ယဲ့ကျင်းအန်း သည် ကူကယ်ရာမဲ့မှုကို ခံစားနေရသည်၊ ပျော်ရွှင်စရာကောင်းအောင်ဘယ်လိုလုပ်ရမလဲ။
သူက သူမကို လှည့်စားခဲ့ပေမယ့် ဒါက သူနဲ့ တုယွီရှု တို့ရဲ့စုံတွဲလို ချိန်းတွေ့ခြင်းပါပဲ။ ယဲ့ကျင်းအန်းက အဲဒါကို တွေးရုံနဲ့ မပူပင်ပဲမနေနိုင်။
သူသည် တုယွီရှုအား သူတို့၏ချိန်းတွေ့သည့်နေ့တွင် ကောင်းမွန်တဲ့ အမြင်ကို ထားခဲ့ရမည်။
ခေါင်းကိုက်လာပြီ၊ ယဲ့ကျင်းအန်း သည် browser ကိုပိတ်လိုက်သည်။ သူနဲ့ တုယွီရှု တို့ချိန်းတွေ့မယ့်အချိန်ကို သိနေပေမယ့် တစ်လလောက်ကြိုတင်ပြင်ဆင်ထားမယ်ဆိုရင်တော့ အခုအချိန်မှာ အရမ်းစိတ်ရှုပ်နေမှာမဟုတ်ပါဘူး။
အိုး....ဟုတ်သား၊ ပန်းတွေ။ ကောင်မလေးတွေက ပန်းတွေ ကြိုက်တယ်မလား။ ဒါဆို ဘာပန်းတွေ ပို့ပေးရမလဲ။ နှင်းဆီ? လီလီ? လာဗင်ဒါ? ဇီဇဝါ?
ယဲ့ကျင်းအန်း သည် နာကျင်နေသော နားထင်များကို ပွတ်သပ်ကာ ပန်း၏အဓိပ္ပါယ်များကို ရှာဖွေရန် Baidu သို့ သွားခဲ့သည်။
ဂျပန်နှင်းဆီရဲ့ အဓိပ္ပါယ်က သိပ်မဆိုးပါဘူး၊ အိုး၊ Dutchman's Pipe ကလည်း ကောင်းတယ်။ ယဲ့ကျင်းအန်း ၏ မျက်လုံးများသည် ပန်းတစ်ပွင့်ပေါ်ရောက်သွားသောအခါ သူ့မျက်လုံးများ တောက်ပလာသည်။ ဒီတစ်ခုကအကောင်းဆုံးပဲ!
"မင်းကိုချစ်မိသွားတာက ငါ့ဘဝရဲ့ အကြီးကျယ်ဆုံးပျော်ရွှင်မှုပဲ။ မင်းအကြောင်းတွေးတာက အချိုမြိန်ဆုံး နာကျင်မှုပဲ"
"မင်းနဲ့အတူရှိနေရတာ ငါ့ရဲ့ပျော်ရွှင်မှုပဲ"
ယဲ့ကျင်းအန်းသည် ရှန်ပိန်နှင်းဆီ၏ဖော်ပြချက်ကို ဖြည်းညှင်းစွာဖတ်ရင်း ချိုမြိန်သောအပြုံးတစ်ခု သူ့နှုတ်ခမ်းတွင် ဖြည်းညှင်းစွာထွက်ပေါ်လာသည်။
ဒီပန်းက သူ့အခြေအနေနဲ့ လိုက်ဖက်ပါတယ်။
တုယွီရှု ကို ချစ်မိသွားတာက သူ့ဘဝရဲ့ အပျော်ရွှင်ဆုံးအရာပါ။ သူမကို တောင့်တပြီး တိတ်တခိုးချစ်ရတဲ့ ဝေဒနာကပြင်းထန်တယ်။ သို့သော် အဆက်မပြတ် ငြင်းခုံနေကြသည့်အချိန်ကို သူတွေးလိုက်သောအခါတွင် သူ့နှလုံးသားသည် ချိုမြိန်မှုတစ်ခု ခံစားလိုက်ရသည်။

DU LIEST GERADE
မင်းလည်းငါ့ကိုကြိုက်နေတယ်ဆို《ဘာသာပြန်》
RomantikTitle - I Heart you like me too {聽說你也喜歡我} Total - 56 Episode + 6 Side storie Author - 夢千航 NOT MY WORK JUST TRANSLATION CREDIT TO ORIGINAL AUTHOR AND ENGLISH TRANSLATOR.