PART 44✨🟫

398 52 1
                                    

ယဲ့ကျင်းအန်းက အခုဘယ်လိုခံစားနေရလဲဆိုတာ မဖော်ပြနိုင်ပေ။

အကယ်၍ သူသာ ဒီဖုန်းကို မဖွင့်ခဲ့ဘူး၊ Weibo ကိုဖွင့်မကြည့်ခဲ့ဘူးဆိုရင် ဒီလျှို့ဝှက်ချက်ကို သူဘယ်တော့မှ ရှာမတွေ့နိုင်တော့ဘူးလား။

အကယ်၍ သူသည် ဖုန်းကိုဖွင့်မကြည့်ဘဲ Weiboက ဒီလျှို့ဝှက်ချက်ကို ရှာမတွေ့ခဲ့ရင် သူနဲ့တုယွီရှုတို့က အချင်းချင်းချစ်နေ​ကြပေမဲ့  ခွဲခွာပြီး အခြားလူများနှင့် လက်ထပ်ရမည်လား။

လောကမှာ နောင်တရစရာတွေများလွန်းပြီး ကျေနပ်စရာတွေက နည်းလွန်းတယ်။ ပျော်ရွှင်မှုဆိုတာ ဘုရားသခင်က ပေးအပ်ထားသော လက်ဆောင်တစ်ခုပင်။

ယဲ့ကျင်းအန်းက ဖုန်းကို တင်းတင်းကျပ်ကျပ် ဆုပ်လိုက်သည်။

ဒါဆို ဒါက ဘုရားသခင်ကပေးတဲ့ သူ့အတွက် နောက်ဆုံးအခွင့်အရေးဖြစ်မလား။

"ငါတို့အိမ်ကအန်းအန်းကအကောင်းဆုံး" ဟူသော ပန်းရောင် ယုန်ရုပ်ပုံလေးနဲ့ IDတစ်ခု။

ဒါက အရမ်းရင်းနှီးနေခဲ့ပါသည်။

ယဲ့ကျင်းအန်းသည် အတိတ်က အဖြစ်အပျက်များကို တွေးမိ​နေပြီး အမှတ်တရများက သူ့အနားတွင် လွင့်မျောနေသည်။ ထိုမိန်းကလေးကို ပို၍ပင် တောင့်တမိလာသည်။

နို့ချိုချဥ်တစ်ခုကြောင့်နဲ့ လှပစွာပြုံးပြခဲ့သော ထိုနှစ်က လေယာဉ်ပေါ်တွင် ငိုနေသော မိန်းကလေးဖြစ်စေ၊

လမ်းမပေါ်တွင် စိတ်ရှုပ်မှု၊ စိတ်သက်သာရမှုတို့ဖြင့် သူ့လက်ကိုဆွဲခဲ့သော မိုး​ရေရွှဲနေသည့် ငိုနေသော မိန်းကလေးပဲဖြစ်စေ...

သူလိုချင်မိပါသည်။

အဖေ့ကိုနားငြီးအောင်လုပ်မိလို့ ကုန်စုံဆိုင်ထဲ ပိတ်ခံရပြီး မောပန်းတဲ့အထိငိုကြွေးနေခဲ့တဲ့ သူ့ကိုယ်သူကို ပြန်မြင်နေရသည်။

အဲဒီယုန်လေးကို သဘောကျတယ်လို့ပြောမထွက်ခဲ့ဘဲ အဖေ ယုန်လေးကို သတ်တာကို ပျော့ညံ့စွာကြည့်ပြီး ငိုနေခဲ့တဲ့ သူရဲဘောကြောင်တဲ့ဆယ်ကျော်သက်အရွယ် သူ...

အမြဲရှောင်ပုန်းနေတတ်ပြီး သူ့ကိုယ်သူ ဖုံးကွယ်ထားတဲ့ သူ၊ လျစ်လျူရှုတတ်ပြီး အခြားသူများနှင့် ဝေးဝေးနေလေ့ရှိတဲ့ သူ။ သူ့ကိုယ်သူ အကျိုးအကြောင်းမသင့်တဲ့စကားတွေကို ထပ်ခါထပ်ခါ ပြောရင်း ထပ်ခါထပ်ခါ စိတ်မသက်မသာခံစားခဲ့ရတာကိုလည်း ပြန်မြင်နေရသည်။ သူမ နားလည်မှာပါဆိုပြီးတောင် သူ့ကိုယ်သူ လိမ်နေခဲ့သည်။

မင်းလည်းငါ့ကိုကြိုက်နေတယ်ဆို《ဘာသာပြန်》Where stories live. Discover now