PART 36✨🟫

391 71 0
                                    

"ဘာလို့ လူသိရှင်ကြားထုတ်မပြောချင်ရတာလဲ။"

ယဲ့ကျင်းအန်းက တုယွီရှု ကို တည့်တည့်စိုက်ကြည့်ကာ ထပ်မေးသည်။

"အကြောင်းပြချက်မရှိဘူး။" တုယွီရှု က သူ့အကြည့်တွေကို ရှောင်ပြီး "ငါက ဒီတိုင်း မကြေညာချင်ရုံပဲ"

သူကဘာလို့ သူမရဲ့စိုးရိမ်ပူပန်မှုတွေကို ထုတ်​ပြောစေချင်နေတာလဲ။

သံသယကြောင့်လား ဒါမှမဟုတ် သူမစိုးရိမ်စိတ်တွေများနေလို့လား။

သူ့ရှေ့မှာ သူမအရူးပုံစံမဖြစ်ချင်ဘူး။

"ဘာလို့ လူသိရှင်ကြားထုတ်မပြောချင်တာလဲ။"

ယဲ့ကျင်းအန်း အသက်ပြင်းပြင်းရှူပြီး ထပ်မေးတယ်။

"ငါ့မျက်လုံးတွေကိုကြည့်ပြီး ငါ့ကိုပြောပါ၊ မင်းတကယ်အသိမပေးချင်ဘူးလား"

ယဲ့ကျင်းအန်းက တုယွီရှုကို ကြည့်ရင်း သူမ ဘာလို့ သူတို့ရဲ့ အချစ်​ရေးကို လူသိရှင်ကြားထုတ်မပြချင်လဲဆိုတာ သူ နားမလည်နိုင်ဘူး။ သူမက လူတိုင်းရဲကောင်းချီးပေးတာကို မလိုချင်ဘူးလား။ ဒါမှမဟုတ် အိမ်ထောင်ကျပြီး ကလေးမွေးပြီးတဲ့အချိန်ရောက်ရင်တောင် မကြေငြာချင်သေးလောက်ဘူးလား။

"ဘာလို့လဲ"

ယဲ့ကျင်းအန်းက သူမကို ကြည့်ကာ အေးစက်စက် ထပ်မေးသည်။

ဘာလို့ လူသိရှင်ကြား မကြေညာချင်တာလဲ။ မင်းငါနဲ့တွဲတာကို နောင်တရနေလို့လား။

ငါနဲ့အတူတူမရှိချင်တော့တာများလား။

ဒါမှမဟုတ် တခြားကြောင့်ဆိုရင်လဲ ဘာလို့လဲ။ ဘာလို့ လူသိရှင်ကြား မကြေညာချင်တာလဲ။

အခုတွဲနေကြပြီဆိုတော့ နောက်တဆင့်က အသိပေးတာဖြစ်သင့်တယ်မဟုတ်ဘူးလား။

အနုပညာနယ်ပယ်မှာ အခိုင်အမာရပ်တည်နေတဲ့ သူတို့နှစ်ယောက်အတွက်တော့ ဘယ်သူကမှ သူတို့ကို တခုခုမလုပ်နိုင်ပါဘူး၊ သူတို့နှစ်ယောက်အကြောင်းကို ကြေငြာလိုက်ရင်တောင် တခြားဘာကိုမှ ဆုံးရှုံးစရာ မရှိပါဘူး။

ဒါပေမယ့် ဘာလို့ သူမကမလုပ်ချင်ရတာလဲ။

စက္ကန့်တွေ ကုန်ဆုံးလာသည်နှင့်အမျှ ယဲ့ကျင်းအန်းသည် တဖြည်းဖြည်း ဒေါသထွက်လာသည်။ တစ်ခုခုက သူ့နှလုံးသားကို ဖိချ​နေသလို ခံစား​နေရပြီး နာကျင်မှုနဲ့ ဝမ်းနည်းမှုတွေ ရောထွေးနေခဲ့တယ်။ သူက သူမရှေ့ကို လှမ်းသွားပြီး ပခုံးကို ကိုင်ကာ "ဘာလို့လဲ ပြော"

မင်းလည်းငါ့ကိုကြိုက်နေတယ်ဆို《ဘာသာပြန်》Where stories live. Discover now