PART 40✨🟫

435 70 0
                                        

"ကိုကြီးကို  အရမ်း၊ အရမ်း၊ အရမ်းကိုလွမ်း​နေတာ။" တုယွီရှု က ဝမ်းသာအားရ ပြုံးလိုက်သည်။ သူမသည် အပူပေးခွက်ကို ကောက်ကိုင်လိုက်ပြီး "မျှော်လင့်ထားသလို၊ ကိုကြီးပဲ ညီမလေးကို ဂရုစိုက်တယ်။ နောက်ဘဝကျ ကိုကြီးရဲ့ညီမ မလုပ်တော့ပဲ ကိုကြီးနဲ့လက်ထပ်မှာ!"

"ဒါဆို ကိုကြီးကို သေတဲ့အထိ နှောင့်ယှက်နေမှာပေါ့" တုယန်စု ပြုံးလိုက်သည်။ သူက တုယွီရှု ကိုကြည့်ပြီး "မတွေ့ရတာ ခဏပဲ ရှိသေးတယ်။ အရမ်းပိန်သွားလိုက်တာ" ဟု ညင်သာစွာပြောခဲ့သည်။

"ကိုယ့်ကိုကိုယ် ကောင်းကောင်း ဂရုစိုက်ရဲ့လား"

တုယန်စု၏ စိတ်ပူသောလေသံကို သူမကြားလိုက်ရသောအခါ တုယွီရှုသည် မျက်ရည်ကျလုမတတ်ပင်။

"ဘယ်မှာ ပိန်သွားလို့လဲ။ ညီမ ပို၀လာတယ်လို့တောင် ခံစားရနေတာ!"

"အရူးမလေး။" တုယန်စု သက်ပြင်းချကာ "ကို​ကြီးကို လာမလှည့်စားနဲ့။"

"မင်းပိန်တာ၊ ၀လာတာကိုမှ မသိရင် ကိုကြီးက ဘယ်လိုလုပ် မင်းအစ်ကိုဖြစ်မှာလဲ"

တုယွီရှုအေးခဲသွားပြီး အောက်နှုတ်ခမ်းကို အနိုင်ကျင့်ခံထားရသော ကလေးတစ်ယောက်လို ကိုက်လိုက်သည်။ သူမသည် ဓာတ်ဘူးကိုငုံ့ကြည့်ကာ စကားမပြောပေ။

တုယန်စု သည် သူမ၏ လုပ်ရပ်ကို မမြင်ချင်ယောင်ဆောင်ပြီး ပြုံးကာ "ရှုရှု၊ ကို​ကြီးမင်းကို ပုံပြင်တစ်ပုဒ် ပြောပြမယ်"

"ကိုကြီးနိုင်ငံခြားမှာ ကျောင်းတက်တုန်းကအကြောင်း မသိချင်ဘူးလား" တုယန်စုက ညင်သာစွာ ပြုံးလိုက်သည်။

“အင်း….” တုယွီရှု က ဇဝေဇဝါဖြင့် ပြန်ဖြေသည်။

တုယန်စုက ပြုံးပြီး "အဲဒီတုန်းက ကိုကြီးမှာ အရမ်းခင်တဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ်။ သူက အာရှလူမျိုး၊ အရပ်ရှည်တယ်၊ ပိန်လည်းပိန်တယ်၊ အရမ်းချောတယ်။ ကျောင်းမှာ အရမ်းနာမည်ကြီးပြီး ကောင်မလေးတွေတော်တော်များများ သူ့ကို ​ကြိုက်​ကြတယ်။"

"သူ့မှာ သူကြိုက်တဲ့ မိန်းကလေးရှိတယ်။ သူက သေးသွယ်ပြီး၊ သိမ်မွေ့တဲ့အလှနဲ့လှတယ်ဆို​ပေမဲ့ မျက်စိဖမ်းစားနိုင်လောက်တဲ့အထိတော့မဟုတ်ဘူး။ ဒါပေမယ့် သူက သူ(မ)ကို အရမ်းကြိုက်ခဲ့တာ။ သူက အဲဒီကောင်မလေးကို ခဏခဏဝန်ခံခဲ့ပေမယ့် အဲ့ကောင်မလေးက အမြဲတမ်း သူ့ကိုငြင်းခဲ့တယ်။"

မင်းလည်းငါ့ကိုကြိုက်နေတယ်ဆို《ဘာသာပြန်》Onde histórias criam vida. Descubra agora