PART 16✨🟫

490 71 0
                                    

ဝမ်ကျဲ နားမလည်။ သူမသည် ငါးမိနစ်မျှသာ ထွက်သွားခဲ့ပေမဲ့ တုယွီရှု သည် လုံးဝခြားနားသော လူတစ်ယောက် ဖြစ်လာသည်။

တစ်ချိန်က အားနည်းပြီး ပျော့ပျောင်း​နေသော ကြောင်ကလေးသည် ဒေါသထွက်နေသော ကျားသစ်နက်တစ်ကောင် ဖြစ်လာခဲ့သည်၊ နုနယ်သော မိန်းက​လေးကို မည်သည့်နေရာတွင်မှ မမြင်ရတော့ပေ။

တကယ်ကို..မယုံနိုင်စရာပဲ။

ဝမ်ကျဲ သည် တုယွီရှု ၏ လျင်မြန်သောပြောင်းလဲမှုကို တအံ့တသြ စိုက်ကြည့်နေသည်။ တုယွီရှု က မျက်ခုံးပင့်ပြီး "ဘာလို့ ငါ့ကို စိုက်ကြည့်နေတာလဲ" ဟု သတိကြီးစွာ မေးလိုက်သည်။

"နင် အရမ်းကြည့်ကောင်းလို့" ဝမ်ကျဲ လန့်သွားသည်။

တုယွီရှုသည် ရိုးရှင်းသော ချီးကျူးစကားကြောင့် ".... အဟွတ်"

"နင် နေလို့မကောင်းသေးဘူးလား" ဝမ်ကျဲက သူ့နဖူးကို ထိပြီး မေးလိုက်တယ်။ အပူချိန်က ပုံမှန်ဖြစ်ကြောင်း သူမတွေ့ရှိသောအခါမှ စိတ်အေးလက်အေး ဖြစ်သွားသည်။

"အကုန်တော့မ​​ကောင်း​သေးဘူး။" တုယွီရှု က အေးစက်စွာ ပြုံးလိုက်သည်။

ဝမ်ကျဲ "......"

သူမ နှလုံးတွေ တင်းကြပ်လာပြီ။

ဒီနေ့ နတ်ဘုရားမက အရမ်းကြောက်ဖို့ကောင်းတယ်။

"နင်နဲ့ ရုပ်ရှင်ဧကရာဇ်ယဲ့...." သူမ စကားမဆုံးခင် ဝမ်ကျဲ သည် တုယွီရှု ထံမှ သေခြင်းတရား၏ အလင်းတန်းကို ရရှိခဲ့ပြီး သူမ ဆက်ပြောမည့်စကားကို မျိုချခဲ့သည်။

"အဲ့ဒီအညစ်အကြေးအကြောင်း ငါ့ကိုလာမပြောနဲ့ ဟုတ်​ပြီလား" တုယွီရှုသည် တောက်ပသော အပြုံးကို မျက်နှာ​ပေါ်ဆင်ထားသော်လည်း သူမ၏ မျက်လုံးများသည် အေးစက်နေပြီး မကောင်းဆိုးဝါး ရောင်ဝါများ ထွက်ပေါ်​နေသည်။

သူမအသံက မတိုးတာကြောင့် အနောက်ခုံမှာ ထိုင်နေတဲ့လူက အဲဒါကို ကြားနိုင်တယ်။

ဝမ်ကျဲ အံသြသွားသည်။

လက်ရှိသူမနှင့် နှိုင်းယှဥ်ကြည့်လျှင် ယခင်က ပျော့ညံ့အားနည်းသော တုယွီရှုသည် ယုန်ဖြူလေးတစ်ကောင်နှင့်တူသည်။

မင်းလည်းငါ့ကိုကြိုက်နေတယ်ဆို《ဘာသာပြန်》Where stories live. Discover now