အတန်ကြာ တိတ်ဆိတ်သွားပြီးနောက်၊ တုယွီရှု က ရုတ်တရက် မေးလာသည် " ကိုကြီး ၊ မင်းတစ်ယောက်ယောက်ကို ကြိုက်ဖူးလား"
သူမကအမြန်ထပ်ပြီး "မဟုတ်ဘူး၊ ဒီလိုမေးသင့်တာထင်တယ်၊ ကိုကြီးတစ်ယောက်ယောက်ကို ချစ်မိဖူးလား"
တုယန်စုက မေးခွန်းကို မဖြေ။ သူက ပြုံးရင်း ငိုနေတဲ့ တုယွီရှု ရဲ့ ခေါင်းကို ပုတ်ကာ "ကိုကြီး ချစ်မိဖူးရင်တောင် အခြေအနေမှာ ဘာမှအကူအညီမရလောက်ဘူး"
"ကိူကြီး ခုထိမချစ်အိဖူးဘူးမလား" တုယွီရှု က သူ့ကို မော့ကြည့်ကာ ဖျတ်ခနဲ ပြုံးလိုက်သည်။ သူမက နားရွက်အနောက်ကို ဆံပင်တွေကို သပ်လိုက်ပြီး တည်ငြိမ်စွာ သေချာသောအသံဖြင့် "တစ်ခါမှ မချစ်မိဖူးဘူးပဲ"
တစ်ယောက်ယောက်နဲ့ နီးကပ်ချင်ပေမယ့် တကယ့်လက်တွေ့မှာမလုပ်နိုင်တဲ့ ခံစားချက်ကို ကိုကြီး ဘယ်လိုလုပ်နားလည်နိုင်မှာလဲ။ နီးစပ်ဖို့ကြိုးစားလိုက်တာနဲ့ နာကျင်ရမှာဖြစ်ပြီး ကိုယ့်ကိုကိုယ် လုံးဝဖြစ်နိုင်ဘူးဆိုတာကို အကြိမ်ပေါင်များစွာ သတိပေးရပါမယ်။ လုပ်နိုင်တာဆိုလို့ ကိုယ့်ရဲ့ခံစားချက်တွေကို မြိုသိပ်ထားဖို့ပဲ။
မလုပ်ရဲဘူး။
ငါသူ့ကို ဆယ်နှစ်ကြာအောင် ကြိုက်ခဲ့တာလို့ ပြောလို့မရဘူး။ ငါက သူ့ကို ထင်ထားတာထက်တောင် ပိုသဘောကျတယ်။
မလုပ်နိုင်ဘူး။
တခြားသူတွေရဲ့ သနားမှု၊ ကိုယ်ချင်းစာမှု၊ နောင်တတွေလို အရှက်ရစေမဲ့ အကြည့်တွေကို မခံနိုင်ဘူး။
အထူးသဖြင့် သူ့ဆီကပေါ့။
"ကိုကြီး မှတ်မိသေးလား" တုယွီရှု သည် ပြတင်းပေါက်မှ လှမ်းကြည့်ကာ "အိမ်တော်ထိန်းအဘိုးက ညီမတို့မိဘတွေကလည်း အရင်က တစ်ယောက်ယောက်နဲ့တစ်ယောက် ချစ်ခဲ့တယ်လို့ ပြောဖူးတယ်"
"ချစ်မိဖို့ဆိုတာ လွယ်ပေမယ့် ဘယ်အတွဲကမှ တစ်ယောက်နဲ့တစ်ယောက် ထာဝရ အတူတူမနေနိုင်ကြဘူး။ တွဲတာကနေ လမ်းခွဲလိုက်တာလည်းဖြစ်နိုင်သလို၊ လက်ထပ်တာကနေ ကွာရှင်းသွားတာလည်းဖြစ်နိုင်တယ်။ တစ်ယောက်နဲ့တစ်ယောက် ချစ်ရင်တောင်မှပဲ" တုယွီရှုခေတ္တရပ်ပြီး ဆက်ပြောလိုက်သည်၊ "တဖြည်းဖြည်းနဲ့ လျစ်လျူရှုလာကြပြီး နောက်ဆုံးမှာ အချင်းချင်း မုန်းသွားကြလိမ့်မယ်။"
VOUS LISEZ
မင်းလည်းငါ့ကိုကြိုက်နေတယ်ဆို《ဘာသာပြန်》
Roman d'amourTitle - I Heart you like me too {聽說你也喜歡我} Total - 56 Episode + 6 Side storie Author - 夢千航 NOT MY WORK JUST TRANSLATION CREDIT TO ORIGINAL AUTHOR AND ENGLISH TRANSLATOR.