PART 19✨🟫

518 77 0
                                        

စပီကာရဲ့အသံကို တောထဲကလူတိုင်းကြားနိုင်တယ်၊ တုယွီရှုက မျက်မှောင်ကြုတ်ပြီး "ဘယ်သူလဲ၊ အရမ်းမြန်တာပဲ" လို့ မေးလိုက်တယ်။

တုယွီရှုက သူမလက်ထဲက ကတ်ပြားကို ကြည့်လိုက်သည်။ ဒါက မကြာသေးမီက သူတို့ရခဲ့တဲ့ ကတ်ပါ။

----- ဖရဲသီးဆိုတာ အပေါ်ကအိမ်မက်ရဲ့ကလေးပါ။

"ဖရဲသီးက သစ်ပင်ထိပ်မှာ ရှိနေတယ်လို့ ပြောချင်တာထင်တယ်" တုယွီရှု က သက်ပြင်းချရင်း "အရမ်းပူနေတယ်၊ ​​နားချိနိ မရှိဘူးလား"

"ဒီတိုင်း ထွက်လိုက်လို့​တော့ရတယ်" ယဲ့ကျင်းအန်း က ရိုးရိုးရှင်းရှင်းပြောပြီး ကတ်ကို အိတ်ကပ်ထဲ ထည့်ထားလိုက်သည်။ "ယဲ့ကျင်းအန်း ကျွန်မ ရှင့်ကို တစ်ခုလောက်မေးလို့ရမလား" တုယွီရှု က စိတ်အားထက်သန်စွာ မေးလိုက်သည်။

"မရဘူး" ယဲ့ကျင်းအန်းက ဖြတ်တောက်လိုက်သည်။

တုယွီရှု က မကြားချင်​ယောင်​ဆောင်ကာ "ရှင်အခုအချိန်အထိ ဘယ်လိုလုပ် အသက်ရှင်နိုင်ခဲ့တာလဲ။"

"ရှင့်ပါးစပ်က လူတွေကို မိနစ်ပိုင်းအတွင်း သေစေနိုင်တယ်" တုယွီရှုက သူ့ကို ရိုးသားစွာ ကြည့်နေသည် ။

"ငါကမရဘူးဆိုတာကို မင်းကဆက်မေးနေသေးတယ်။ ဘယ်လိုလုပ်ဆိုတာ အကြောင်းပြချက် ရှိလို့လား"ယဲ့ကျင်းအန်း က "ကိုယ်ရေးကိုယ်တာနဲ့ ပတ်သက်တဲ့ မေးခွန်းတွေကို ဖြေဖို့ ကျွန်​တော်ငြင်းပါတယ်"

"နိုင်ငံသားကောင်းတစ်ယောက်အနေနဲ့ ကျွန်​တော့်ရဲ့ကိုယ်ရေးကိုယ်တာချိုးဖောက်မှုအတွက် မင်းကို တရားစွဲလို့ရတယ်နော်"

တုယွီရှု "....."

နှစ်ယောက်သား ရှေ့ကို ဆက်လျှောက်လာရင်း ထုန်ဟွာနျန်နဲ့ ယန်ယု​ပေါ်နဲ့ တွေ့ဖို့ မမျှော်လင့်ထားပါဘူး။

သူပထမဆုံးတွေ့တဲ့ကတ်အကြောင်းတွေးရင်း ယဲ့ကျင်းအန်းက စိတ်ညစ်သွားတယ်။ သူနှင့် တုယွီရှု တို့သည် အထူးစွမ်းရည်ကို မနှိုးရသေးတာကြောင့် အခြားလေးယောက် ဖြစ်နိုင်သည်။ မန်ယွမ်ရူ နှင့် ဝမ်​ရှောင်ချန်တို့၏ဇာတ်ရုပ်များသည် ထုန်ဟွာနျန် နှင့် ယန်ယုပေါ် တို့ထက်စာလျှင် သေးငယ်သည်။ ယန်ယုပေါ်၏ အထူးစွမ်းရည်ကို လျှော့တွက်၍မရပေ။

မင်းလည်းငါ့ကိုကြိုက်နေတယ်ဆို《ဘာသာပြန်》Where stories live. Discover now