တုယွီရှု က အခုတစ်ခုခုကို တင်ချင်နေပြီ၊ အကြောင်းအရာကတော့ #ကမ္ဘာမကြေရန်သူက ဘာလို့အပြင်မှာချိန်းတွေ့ဖို့ ဖိတ်တာလဲ# #စိုးရိမ်တယ်
ယဲ့ကျင်းအန်း ဘာဖြစ်နေတာလဲ။
ထိုအချိန်တွင် သူမဖုန်းမြည်လာသည်။ တုယွီရှု က သူ့ဖုန်းကို ကောက်ကိုင်လိုက်ပြီး ဖုန်းမလက်ခံခင် ခေါ်ဆိုသူကိုကြည့်ကာ "ကိုကြီး"
"ရတနာလေး" တစ်ဖက်က ယောက်ျားလေးရဲ့ အသံက နည်းနည်း ကြည်နူးတဲ့အသံပေါက်နေသည်။ တုယန်စု၏မျက်လုံးထဲတွင် သူ့ညီမလေးသည် သူ့အဖိုးတန်ဆုံးရတနာဖြစ်သည်။
"အဆင်ပြေရဲ့လား? မင်းနဲ့ ယဲ့ကျင်းအန်းက မတည့်ဘူးလို့ ငါကြားတယ်။ အခု မင်းတို့ကအတူတူပရောဂျက်တွေ အလုပ်လုပ်နေပြီးတော့ လက်တွေ့ရှိုးတောင် အတူတူလုပ်နေရတယ်။ မင်းအစ်ကိုရဲ့အကူအညီလိုလား" ထိုလူက ရယ်မောပြီး မေးသည်။
"အဟွတ် အဟွတ်!" ရေသောက်နေသော တုယွီရှု က ရင်ဘတ်ကို တဆတ်ဆတ် ရိုက်လိုက်ပြီး "ကိုကြီး အဲ့ဒါကို ဘယ်ကကြားလာတာလဲ၊ အတင်းအဖျင်းမဂ္ဂဇင်းတွေကိုဖတ်ထားတာလား၊ စိတ်မပူစရာမလိုပါဘူး"
"မင်း သီးသွားတာလား? ရေသောက်ရင် သေချာသောက်လို့၊ ဆိုဖာပေါ်မှာ အိပ်ပြီးမသောက်နဲ့လို့၊ ငါမင်းကို ဘယ်နှစ်ခါပြောရမှာလဲ"
"ဟုတ်ကဲ့ ဟုတ်ကဲ့" တုယွီရှု လက်မြှောက်လိုက်သည်။
"မင်း ငါ့စကားကို ဘယ်တော့မှကို နားမထောင်ဘူး" ထိုလူက မျက်မှောင်ကြုတ်လိုက်သည်။
"ရပ်၊ ရပ်၊ ရပ်တော့!" တုယွီရှုက ရယ်ရမလား ငိုရမလား မသိတော့ပေ။ "ကိုကြီး စိတ်မပူပါနဲ့ ညီမအဆင်ပြေပါတယ်။ ညီမကောင်းကောင်းအိပ်ပြီး ကောင်းကောင်းစားတယ်။ မနေ့တုန်းကဆို နှစ်ပေါင်တောင် တက်လာတယ်။ အခုကိုကြီးအလှည့်၊ ညစာစားပြီးပြီလား"
"...အခုသွားစားလိုက်မယ်" လို့ မပြောခင် ဖုန်းက ခဏလောက် အသံတိတ်သွားတယ်။
"ညီမသိသားပဲ!" တုယွီရှု က ဆိုဖာပေါ် ဆတ်ခနဲ ထထိုင်လိုက်ပြီး "fast foodတို့၊ ကျန်းမာရေးမကောင်းအစားအစာတိူ့ မစားနဲ့နော်။ ဘလက်ကော်ဖီလည်း မသောက်နဲ့...."
CZYTASZ
မင်းလည်းငါ့ကိုကြိုက်နေတယ်ဆို《ဘာသာပြန်》
RomansTitle - I Heart you like me too {聽說你也喜歡我} Total - 56 Episode + 6 Side storie Author - 夢千航 NOT MY WORK JUST TRANSLATION CREDIT TO ORIGINAL AUTHOR AND ENGLISH TRANSLATOR.