တုယွီရှုက ရှင်းပြဖို့ မလိုအပ်ဘူးလို့ ခံစားမိတာကြောင့် တိတ်တိတ်သာနေခဲ့သည်။
စုန်ချန်သည် အခန်းထဲသို့ တိုးဝင်လာပြီးနောက် ယဲ့ကျင်းအန်း ကို စိုက်ကြည့်သည်။ သူမက တုယွီရှုကို ဒေါသတကြီးလှည့်ကြည့်ကာ "ငါမိသားစုကို ထောက်ပံ့ဖို့ အရမ်းကြိုးစားခဲရတာ။ လုံးဝထင်မထားဘူး..... နင်တကယ်......"
"ဝူးဝူးဝူး၊ ငါနင့်ကို မလိုတော့ဘူး။ လမ်းခွဲရအောင်!"
တုယွီရှု "...နငိဆေးမှားသောက်ခဲ့တာလား။"
စုန်ချန်က တုယွီရှုကို စိုက်ကြည့်ပြီး တံခါးကို ဆွဲခေါ်သွားတယ်။ သူမ ဖုန်းကို ထုတ်လိုက်ပြီး "ငါပြောမယ်၊ နင်တို့ နှစ်ယောက်ကြား ဘာပဲရှိရှိ ငါဂရုမစိုက်ဘူး။ ဒါပေမယ့် နင်တို့နှစ်ယောက်ရုတ်တရက်ကြီး အဆင်တွေပြေသွားကြတာ ထူးဆန်းတယ်လေ။ နင်တို့နှစ်ယောက်ရဲ့ရန်စက ဖျော်ဖြေရေးလောကမှာ နာမည်ကြီးပဲ။"
သူမက ခဏရပ်လိုက်ပြီး "နင်Weiboမှာ ပိုစ့်တင်ထားတာ သုံးမိနစ်တောင် မရှိသေးတာကို ယဲ့ကျင်းအန်းက emojiနဲ့ ပြန်ရှယ်တယ်။ သတင်းထောက်တွေက နင့်ကိစ္စတွေက စိတ်ဝင်စားစရာမကောင်းလို့ နင့်အပေါ်ဂရုမစိုက်ကြတာ။ အခုဒီလိုအခြေအနေဖြစ်နေပြီ၊ နင်ဘယ်လိုလုပ်မှာလဲ။ ဒါကလူတိုင်းအတွက် ကြည့်ဖို့ရှိုးတစ်ခုလိုပဲ။ အခုအွန်လိုင်းမှာလူတိုင်းကမင်းကို ပြောဆိုနေကြပြီ။"
"pfft..." တုယွီရှုက ရယ်လိုက်ပြီး "သူတို့ရဲ့ စိတ်ကူးတွေကလည်း။
"
"တစ်ဆင့်ပြီးမှ တစ်ဆင့် သွားလို့မရဘူးလား" စုန့်ချန်က သူမကို အေးစက်စွာ စိုက်ကြည့်ပြီး "ကိစ္စတွေကို စီမံဖို့ ငါတို့ကို အချိန်နည်းနည်းလောက်ပေးပါဦး။"တုယွီရှုသည် မပြုံးမိစေရန် နှုတ်ခမ်းကို တင်းတင်းကြပ်ကြပ် ကိုက်ထားသည်။ စုန့်ချန်က သူမပခုံးကို ပုတ်ကာ သက်ပြင်းချပြီး "အစကတော့ ကုမ္ပဏီကလုပ်လိုက်တာလို့ ငါထင်ခဲ့ပေမဲ့..."
ထို့နောက် ခေတ္တရပ်ပြီး "နင့်အိမ်ကသူရှိနေလိမ့်မယ်လို့ ငါလုံးဝတွေးတောင်မတွေးဖူးဘူး။ နင်တို့ကိုshipတဲ့ ပရိတ်သတ်တွေသာသိရင် ဘယ်လောက်တောင်ပျော်နေလိုက်ကြမလဲ"

DU LIEST GERADE
မင်းလည်းငါ့ကိုကြိုက်နေတယ်ဆို《ဘာသာပြန်》
RomantikTitle - I Heart you like me too {聽說你也喜歡我} Total - 56 Episode + 6 Side storie Author - 夢千航 NOT MY WORK JUST TRANSLATION CREDIT TO ORIGINAL AUTHOR AND ENGLISH TRANSLATOR.