PART 41.2✨🟫

438 62 0
                                        

တုယွီရှု လုံးဝမနားရသေးပေ။ နေ့လည်ကတည်းက တုယန်စု၏စကားများကို သူမ​ပြန်တွေးနေခဲ့ပြီး သူမသည် တကယ်ကို သူရဲဘောကြောင်တဲ့လူလားဟု သူမကိုယ်သူမ အကြိမ်ကြိမ်မေးနေမိသည်။

တုယွီရှုအသက်ပြင်းပြင်းရှူလိုက်သည်။ သူမက သတ္တိရှိတယ်။

ယဲ့ကျင်းအန်းကရော။ သူမကို တကယ်မုန်းနေတာလား ဒါမှမဟုတ် သူ့ခံစားချက်တွေကို ဝန်မခံရဲ​ဖြစ်​နေတာလား....?

တုယွီရှုက ရယ်ရအခက်၊ ငိုရအခက် ဖြစ်နေခဲ့သည်။ သူမ ဘာလို့ ဒီအကြောင်းကို ရုတ်တရက်ကြီး တွေးနေမိတာလဲ။ သူမက ယဲ့ကျင်းအန်းမဟုတ်တော့ သူဘယ်လိုစဉ်းစားလဲဆိုတာ သူမဘယ်လိုလုပ်သိမှာလဲ။

နေ့ခင်းပိုင်းအတွက် ရိုက်ကူးရေးကို မြန်မြန်လုပ်​ကြတယ်။ တုယွီရှုနှင့် ယဲ့ကျင်းအန်းတို့ကို အရင်နေရာသို့ ပြန်ပို့ခဲ့သည်။ သူမဒီတိုင်း ထင်နေတာလည်းဖြစ်နိုင်ပေမဲ့ တုယွီရှုသည် ထိုနေရာသည် ဒီနေ့နံနက်တွင် ပိုမိုတောက်ပနေသလို ခံစားရသည်။

အထူးသဖြင့် ယဲ့ကျင်းအန်း၏ ကြံခိုင်သော ခန္ဓာကိုယ်ကို သူမမြင်ရသောအခါတွင် သူမ နားမလည်နိုင်စွာ ပျော်ရွှင်နေမိသည်။

သူတို့အတွက် ဒီမနက် သူတို့တွေ့ခဲ့တဲ့ ရတနာမြေပုံသုံးပုံက ပဟေဠိဖြစ်နေပါတယ်။ ဒါတွေက အစစ်လား၊ သို့မဟုတ် အပိုင်းမည်မျှရှိနေသလဲကိုသူမ မသိပါ။ တုယွီရှုက ယဲ့ကျင်းအန်းဘက်သို့ လှည့်ကာ "ဒါလေးသိမ်းပေးထားပါ့လား"

"အင်း။" ယဲ့ကျင်းအန်းက ခေါင်းညိတ်ပြလိုက်သည်။ တုယွီရှုက သူ့ကို မထီမဲ့မြင်ကြည့်ပြီး "နင့်ရဲ့ပရိတ်သတ်တွေက သူတို့ရဲ့နတ်ဘုရားရဲ့ ဒီလိုပုံစံကိုမြင်ရင် ဘယ်လိုတုံ့ပြန်မလဲ ဆိုတာ သိချင်မိသား"

"မင်းရဲ့ပရိသတ်တွေကလည်း မင်းရဲ့ရက်စက်တဲ့ပုံစံကို မြင်ရင် နတ်ဘုရားမလို့ ခေါ်ဦးမလားဆိုတာ ငါလည်းသိချင်တယ်" ယဲ့ကျင်းအန်းက ပြန်ပြောသည်။ ဒီလိုစကားမျိုးသည် သူ့အား စိတ်သက်သာရာရစေသည်။ တုယွီရှုက သူ့ကို ကပ်ရောဂါလို ရှောင်နေစဥ်ကိုစဉ်းစားမိရင်း သူ့မျက်လုံးထဲကအရောင်တွေက မှိန်သွားပြီး နားမလည်နိုင်တဲ့အမူအရာပေါ်လာခဲ့တယ်။

မင်းလည်းငါ့ကိုကြိုက်နေတယ်ဆို《ဘာသာပြန်》Where stories live. Discover now