"မလိုပါဘူး"တုယွီရှုသည် ယဲ့ကျင်းအန်း၏ ကွေးညွတ်နေသောနှုတ်ခမ်းများကို မြင်လိုက်ရသောအခါတွင် သူမ၏ နှလုံးသား အနည်းငယ် ယိမ်းယိုင်သွားသလို ခံစားလိုက်ရသည်။ သူမသည် ပေါက်ပေါက်ဆုပ်ကို သူ့ဘက်သို့တွန်းလိုက်ပြီး " ကြောက်စိတ်တွေပျောက်သွားအောင် ပေါက်ပေါက်ဆုပ်နည်းနည်းလောက်စားလိုက်" လို့ကယောင်ကတန်းပြောလိုက်ပါတယ်။
"အင်း" ယဲ့ကျင်းအန်း ၏ အပြုံးသည် ပိုကြီးလာသည်။ ယဲ့ကျင်းအန်းသည် ပေါက်ပေါက်ဆုပ်ကိုယူရန် ဘူးထဲသို့ လက်ရောက်သွားသောအခါ တုယွီရှု ၏လက်သည်လည်း ထိုနေရာတွင် ရှိနေသေးသည်။ ထိတ်လန့်တုန်လှုပ်စွာဖြင့် တုယွီရှုသည် သူမ၏လက်ကို အမြန်ထုတ်ကာ ဖန်သားပြင်ကို လှည့်ကြည့်လိုက်သည်။ သူမက ရယ်မောရင်း "ဓားမြှောင်ရဲ့တည်နေရာက မမှန်ဘူး။ သွေးကြောနားထောင်မရောက်ပဲ ဘယ်လိုလုပ် အဲ့လောက်သွေးထွက်မှာလဲ။ နောက်ပြီး ဓားမြှောင်က ကောက်နေလိုက်သေး"
ယဲ့ကျင်းအန်း၏လက်ချောင်းများ အေးခဲသွားပြီး ချောင်းဆိုးလိုက်ကာ "ထိပ်တန်းမင်းသမီးတုက တကယ်ကိုအသေးစိတ်ကြည့်တတ်တာပဲ။ တကယ်ကို ထိပ်တန်းမင်းသမီးဖြစ်ထိုက်တယ်"
ချီးမွမ်းစကားဖြစ်သော်လည်း တုယွီရှုသည် ၎င်းကိုကြားရသည်မှာ အဆင်မပြေသလိုခံစားရပြီး "ရှပ်ရှင်ဧကရာဇ်ယဲ့နဲ့တော့ ဘယ်ယှဉ်နိုင်မလဲ" ဟုမသိစိတ်မှ ပြောလိုက်သည်။
"ယဲ့ကျင်းအန်း ရှင်ကမှတကယ်ကိုအသေးစိတ်ကြည့်တတ်တာပါ" တုယွီရှု က ကြည်နူးစွာ ရယ်မောရင်း "horrorကားတွေကို တော်တော်ကြိုက်တာပဲနော်။ သရဲကားအတူတူကြည့်ဖို့အရင်ဖိတ်ပြီး ကြည့်ရင်းအော်တယ်တဲ့။ တကယ်ကို...."
ယဲ့ကျင်းအန်းသည် ပေါက်ပေါက်ဆုပ်ကို ပါးစပ်ထဲသို့ဂရုမစိုက်စွာထည့်ရင်း မရေရာသော အပြုံးတစ်ခုကို ဖြည်းညှင်းစွာ ထုတ်ပြလိုက်ပြီး "အဲ့တာကြောင့်မင်းရှိနေတာလေ"
"ထိပ်တန်းမင်းသမီးတုက အရမ်းဗဟုသုတ်ရှိပြီးမာရ်နတ်ကိုတောင်အလွယ်လေးနိုင်,နိုင်တယ်။ ဒီလိုထိပ်တန်းမင်းသမီးတုကဘေးမှာရှိနေတော့ ဘာကို ကြောက်ရမှာလဲ။"

YOU ARE READING
မင်းလည်းငါ့ကိုကြိုက်နေတယ်ဆို《ဘာသာပြန်》
RomanceTitle - I Heart you like me too {聽說你也喜歡我} Total - 56 Episode + 6 Side storie Author - 夢千航 NOT MY WORK JUST TRANSLATION CREDIT TO ORIGINAL AUTHOR AND ENGLISH TRANSLATOR.