PART 46✨🟫

972 82 6
                                    

ယဲ့ကျင်းအန်း  (v): [♥][♥][♥] // တုယွီရှု (v): နင်ငါ့ကိုကူညီမှာလားဟင် [😺] @ယဲ့ကျင်းအန်း

ယဲ့ကျင်းအန်း သည် ဘာစာမှ မပြန်ခဲ့ဘဲ emojiသုံးခုသာပြန်လိုက်ပြီး ထိုemojiများက သူ့ခံစားချက်များဖြစ်သည်။ ဒီemojiသုံးခုသည် အဓိပ္ပာယ်အမျိုးမျိုးရှိနိုင်သည်။

တုယွီရှု ပို့စ်ကို တင်ပြီးနောက် Weiboကိုအာရုံစိုက်နေသော ပရိသတ်အများအပြားက ချက်ချင်းဆိုသလိုပင် ထပ်shareခဲ့ကြသည်။ သူတို့အတွဲကို  အားပေးသောသူ တော်တော်များများက "ဒီဘဝမှာနောင်တမရှိတော့ဘူး" "သစ္စာရှိရမယ်" လို့ ရေး​နေကြပါတယ်။ ဒါပေမယ့် သုံးမိနစ်မပြည့်ခင်မှာပဲ ယဲ့ကျင်းအန်းက မက်ဆေ့ချ်ကို ထပ်ရှယ်ခဲ့ပြီး emojiသုံးခုသာရေးခဲ့ပါသည်။

ဒီcpကိုသဘောတူကြောင်းပြလိုက်တာလား။
{T/N:Cpဆိုတာshipတဲ့အတွဲတွေကိုပြောတာပါ။}

ခုလို တရား၀င်ကကြေငြာလိုက်တာ အရမ်းချိုလွန်းနေတာမဟုတ်ဘူးလား။

ဒီနှစ်ရက်အတွင်း သူတို့နှစ်ယောက်ရဲ့ ချစ်စရာကောင်းတဲ့ ချစ်ခြင်းမေတ္တာတွေကို ဖော်ထုတ်​နေကြတာ ငါတို့ကို အသေသတ်နေသလိုပဲ။

ပရိတ်သတ်တော်တော်များများက သူတို့ရဲ့ နှလုံးသားကို ဆုပ်ကိုင်ထားပြီး ဘဝမှာ နောင်တရစရာမရှိ​တော့ဘူးလို့ အော်ဟစ်ကာ မျက်ရည်ကျနေခဲ့ကြတယ်။ တစ်ယောက်နဲ့တစ်ယောက် အေးစက်ခဲ့ကြတဲ့ သူတို့နှစ်ယောက်က ခုတော့ တွဲသွားကြပြီပေါ့။ အိပ်မက်တစ်ခုလိုပါပဲ။

တကယ့်ကို အိပ်မက်တစ်ခုလိုပါပဲ။

တုယွီရှုက တွေးလိုက်သည်။

လွန်ခဲ့သည့်နှစ်ရက်က သူမနှင့် ယဲ့ကျင်းအန်းတို့သည် အချင်းချင်း သံသယများ၊ မေးခွန်းကိုယ်စီနဲ့၊ ဒီဆက်ဆံရေးအတွက် မျှော်လင့်ချက်အချို့ရှိထားကာ တစ်ယောက်ကိုတစ်ယောက် ညှဉ်းပန်းနှိပ်စက်ခဲ့ကြသည်။

ဒီနေ့မှာတော့ သူတို့နှစ်ယောက်ဟာ နီးကပ်စွာ ထိုင်နေကြပြီး ခေါင်းကို လှည့်လိုက်တာနှင့် တစ်ဖက်လူရဲ့ ဖုန်းစခရင်ကို မြင်ရတဲ့အထိပင်။

တုယွီရှုသည် သူ၏ဖုန်းစခရင်မှ အသည်းပုံemojiများကို ​တေွ့လိုကိသည်။ သေးငယ်သော်လည်း သူမသည် ရှင်းရှင်းလင်းလင်းကို  မြင်နေရသည်။

မင်းလည်းငါ့ကိုကြိုက်နေတယ်ဆို《ဘာသာပြန်》Where stories live. Discover now