*ဒီအပိုင်းကိုသေသေချာချာလေးဖတ်စေချင်တယ်ရယ်။ တစ်လုံးချင်းစီဖတ်မှရှင်းသွားမှာမို့လို့ပါ။
"ကျန်းရွေ့ကပြစ်တင်ရှုံ့ချခံရပြီး သူဖုန်းစားက သူ့ရဲ့မှော်အစွမ်းတွေကိုထုတ်ပြလာ၏။"
..........................................................................
ကျန်းရွေ့ကသူမကိုကြည့်လိုက်ပြီး သူ့ဝတ်ရုံကိုရုတ်တရက်ပြန်ညှိကာ ရှောင်နဥ်အာအားခေါင်းငုံ့အရိုအသေပေးလာသည်။
ရှောင်းနဥ်အာတောင့်တင်းသွားရကာ ပြောမိသည်။
"နင်ဘာလုပ်တာလဲ။"ကျန်းရွေ့ကရှက်တက်တက်နှင့်ပြောသည်။
"ရှောင်းရှစ်ကျဲ၊ ရှုရှစ်ရှုန်းတောင်အောက်ဆင်းသွားတာက အစ်မကိုဝမ်းနည်းစေမှန်း ကျွန်တော်သိပါတယ်။ ဒါကြောင့်မို့ အစ်မကျွန်တော့်ကိုမကျေမနပ်ဖြစ်နေတာ။ တကယ်လို့ ကျွန်တော်သာအဲ့ဒီ့အချိန်တုန်းကအချိန်မီမရှင်းပြခဲ့ဘူးဆိုရင် ရှစ်စွင်းကရှစ်ရှုန်းကိုအထင်လွဲသွားပြီး ဒီလိုအကျိုးဆက်မျိုးတွေဖြစ်လာမှာမဟုတ်ဘူး။ ဒါကတကယ့်ကိုကျွန်တော့်အမှားပါ။ ဒါကြောင့်မို့ ကျွန်တော်ဒီမှာအပြစ်ဝန်ခံဖို့ရောက်လာတာပါ။"တကယ်တမ်းတွင်မူ ရှောင်းနဥ်အာမှာသာမက ဂိုဏ်းထဲရှိဂိုဏ်းသားများတွင် ထိုအတွေးရှိကြသည်။ မည်သို့ဆိုစေကာမူ၊ ကျန်းရွေ့ကဒီလိုပွင့်ပွင့်လင်းလင်းပြောလာပြီး သူ၏စိတ်နေသဘောထားမှာ ရိုးသားပွင့်လင်းကာ မောက်မာခြင်းမရှိသဖြင့် လူတွေကိုသူ့အားပြစ်တင်ရှုံ့ရဖို့ရာ အရှက်ရသကဲ့သို့ခံစားသွားရစေပေမဲ့ ဆန့်ကျင်ဘက်ဖြစ်စွာပင် စိတ်ထားကောင်းသည်ဟု ထပ်ပေါင်းခံစားမိလိုက်ပေသည်။
သူ့အတွေးတွေကိုတည့်တိုးပြောချလာလိမ့်မည်ဟု ရှောင်းနဥ်အာမထင်ထားခဲ့မိပေ။ သူမပြန်ဖြေရန်မသင့်တော်သဖြင့် ကျန်းရွေ့ကိုလက်ညှိုးထိုးကာ ဒေါသတကြီးဆိုမိသည်။
"နင်"သူမထိုစကားလုံးကိုပြောပြီးနောက် သူမအာစေးမိသွားရပေမဲ့ သူမရှေ့မှထွက်လာသောအသံကိုသူမကြားလိုက်ရသည်။ ထိုသူကအသံမြှင့်ကာ ပြောလာသည်။
"ဒီဝန်ခံချက်က သိပ်မရိုးသားဘူး။"
YOU ARE READING
[COMPLETED] မြေခွေးရှစ်တိနှင့်ဗီလိန်ရှစ်ရှုန်း || ဘာသာပြန်
Historical FictionAuthor: ကျွေ့ယို့ဟောဖန် Total: 118Chapters+4Extras မိတ်ဆက်စာသား: "ဇာတ်ကြောင်းပြန်လည်ရေးသားပြီးသော် အဓိကဇာတ်ဆောင်ရောင်ဝါကားပြန်ရောက်လာခဲ့ပေ၏။" အဓိကဇာတ်ကောင်: ရှုလင်ကျား|| မင်းသား: ကျင်းဖေးထုန်။ This is just a fan translation. I translated this from C...