"တစ္ဆေခြောက်သောစံအိမ်ကြီးထဲကလျို့ဝှက်ချက်။"
________________________________________________
ဇောက်ထိုးမိုးမျှော်ဖြစ်နေသောဖယောင်းတိုင်ကား လေထဲတွင်လွင့်မျောနေပြီး မီးတောက်စိမ်းပေါ်ကအကြည့်စိမ်းစိမ်းမှာ ရှုလင်ကျား၏မျက်နှာပေါ်တွင်ရောင်ပြန်ဟပ်နေသည်။
သူ့နှလုံးသားထဲတွင်"မကောင်းတော့ဘူး"ဟုရေရွတ်မိလိုက်ပြီး ကလေးမလေးကိုကောက်မကာ ရွှီးခနဲချောထွက်ပြီး တံခါးမှခုန်ထွက်လာလိုက်သည်။
ဤနေရာသည်ဝေးလံခေါင်ဖျားတွင်ရှိသဖြင့် လမ်းမပေါ်တွင်မည်သည့်လမ်းသွားလမ်းလာမျှရှိမနေ။ တံခါးဝမှသူလျှောက်ထွက်လာသော် ခပ်လှမ်းလှမ်းတွင်ရှိသောလမ်းကြိုလမ်းကြားထဲမှအော်သံတစ်ခုခထွက်လာသည်ကို သူကြားလိုက်ရသည်။
၎င်းကား ထိုနေရာတွင်ရပ်နေသော ရှောင်ကျန်းဖြစ်ကာ သူမပတ်ပတ်လည်တွင်တစ္ဆေဝိညာဥ်များဝန်းရံနေပေသည်။ သူမကြောက်ရွံ့နေမိသဖြင့် မျက်လုံးမှိတ်ကာ အဆက်မပြတ်အော်နေမိသည်။
သူမလည်တိုင်တွင်ချိတ်ဆွဲထားသောမိစ္ဆာဓားကို ရှုလင်ကျားတစ်ချက်ကြည့်ရုံမျှဖြင့်မြင်လိုက်ပြီး ယင်းဓားမှာ မိစ္ဆာဝိညာဥ်စီးကြောင်းကိုထုတ်လွှတ်ပေးနေသည်။
သူအသံမြှင့်လိုက်သည်။
"ဓားကိုလွှင့်ပစ်လိုက်!"ရှောင်ကျန်းကမျက်လုံးမှိတ်ထားပြီး သူ့ကိုပြောနေတာဘယ်သူမှန်းမသိပေမဲ့ မသိလိုက်မသိဘာဘာတုံ့ပြန်မိသည်။
"ကျွန်မလုပ်လို့မရဘူး။"သူမစကားပြောနေစဥ်တွင် ရှုလင်ကျားမှာသူမရှေ့ကိုရောက်နေပြီးဖြစ်၏။
သူသည် ကလေးကိုလက်တစ်ဖက်ဖြင့်ကိုင်ထားပြီး နောက်လက်တစ်ဖက်ကိုမကာ လေထဲတွင်စက်ဝန်းခြမ်းတစ်ခုဆွဲလိုက်သည်။ ပတ်ဝန်းကျင်ရှိလေပြေကသည်းထန်စွာတိုက်ခတ်လာပြီး သူ့မျက်နှာအား ထက်ရှသောဓားသွားကဲ့သို့ ကုတ်ခြစ်သွားကာ အနီးဝန်းကျင်ရှိမိစ္ဆာဝိညာဥ်များကိုတစ်အောင့်မျှမစုစည်းနိုင်အောင်ဖြစ်သွားစေသည်။ ရှုလင်ကျားကရှောင်ကျန်း၏လက်ကောက်ဝတ်ကိုဆုပ်ကိုင်ကာ သူ့နောက်ကိုဆွဲလိုက်သည်။
YOU ARE READING
[COMPLETED] မြေခွေးရှစ်တိနှင့်ဗီလိန်ရှစ်ရှုန်း || ဘာသာပြန်
Historical FictionAuthor: ကျွေ့ယို့ဟောဖန် Total: 118Chapters+4Extras မိတ်ဆက်စာသား: "ဇာတ်ကြောင်းပြန်လည်ရေးသားပြီးသော် အဓိကဇာတ်ဆောင်ရောင်ဝါကားပြန်ရောက်လာခဲ့ပေ၏။" အဓိကဇာတ်ကောင်: ရှုလင်ကျား|| မင်းသား: ကျင်းဖေးထုန်။ This is just a fan translation. I translated this from C...