!unicode!
အရာအားလုံးကိုတိကျစွာစီစဥ်ပြီးသွားချိန်တွင် ကျင်းဖေးထုန်နှင့်ရှုလင်ကျားအပြန်အလှန်ကြည့်ကာ ပြောလိုက်သည်။
"အားလုံးပဲကြားပြီးကြလောက်ပါပြီ။ အရင်တုန်းက ရှုရှစ်တိနဲ့ကျွန်တော်ကအနောက်ဘက်ဗုဒ္ဓဘုရားကျောင်းရဲ့လင်ရှန်းတောင်ထွတ်ပေါ်မှာဗုဒ္ဓရဲ့လက်အောက်မှာပညာသင်ခဲ့ကြတယ်။ ဗုဒ္ဓကကြာပန်းပုံစံခရမ်းရောင်ရွှေပန်းကန်လုံးလို့ခေါ်တဲ့မှော်လက်နက်ကိုသုံးခဲ့တယ်၊ အဲ့ဒါကလည်းမကောင်းဆိုးဝါးမိစ္ဆာတွေကိုဖိနှိပ်ရာမှာသုံးခဲ့တဲ့လက်နက်တစ်ခုပဲ၊ ဒါကဒီတစ်ခေါက်ကျွန်တော်တို့ယင်းတိုင်းပြည်မှာရှာတွေ့တော့မဲ့အရာဖြစ်ဖို့များတယ်။"ကျင်းဖေးထုန်ကကြာပန်းပုံစံခရမ်းရောင်ရွှေပန်းကန်လုံးအကြောင်းရိုးရှင်းစွာရှင်းပြပြီးနောက်ပြောလိုက်သည်။
"ဒါပေမဲ့ အခုကျွန်တော်တို့အားလုံးသံသယဖြစ်မိတာက ဟယ်ဇီကျိုးရဲ့စကားနဲ့လုပ်ရပ်မျိုးစုံမှာဗုဒ္ဓနဲ့သက်ဆိုင်နေတဲ့အရာတွေပေါ်မှာနက်ရှိုင်းတဲ့နားလည်မှုရှိနေတဲ့ပုံပဲ၊ သူကအရင်တစ်ခေါက်ကဗုဒ္ဓရဲ့အရိုးကသူ့ရဲ့ပုံစံအစစ်ကိုဖောက်မြင်ခဲ့ပေမဲ့ သူ့ဆီကဝါးမျိုခံရလုနီးပါးဖြစ်သွားတာ၊ ဒါကို ကျွန်တော်တို့တွေအရင်ကလုံးဝသတိမထားမိခဲ့ကြဘူး။"အကယ်၍ ပြန်လည်ဝင်စားခြင်းသာဆိုလျှင် ဗုဒ္ဓပျံလွန်တော်မူသွားတုန်းကဟယ်ဇီကျိုးမှာအသက်ရာချီရှိနေပြီးဖြစ်ရာ ဤသည်မှာမဖြစ်နိုင်။ သို့သော် ခန္ဓာကိုယ်ထဲဝင်ပူးထားခြင်းသာဆိုရင် ထိုမျှနှစ်ပေါင်းများစွာကြာပြီးနောက်ပိုင်းမှာရှုလင်ကျားကိုမှတ်မိဖို့ကျရှုံးသွားလိမ့်မည်မဟုတ်သဖြင့် ကျင်းဖေးထုန်မှာဒီကိစ္စ၏အတွင်းရေးကိုသေချာမပြောနိုင်ပေ။
"ဒါပေမဲ့ဒါတွေအားလုံးက ရှစ်တိကျွန်တော်အရင်ကရှစ်စွင်းနဲ့ရင်းနှီးမှုအပေါ်အခြေခံပြီးလုပ်ထားတဲ့ခန့်မှန်းချက်တွေထက်ဘာမှမပိုပါဘူး။ နှစ်ထောင်ချီကြာထင်ရှားကျော်ကြားနေခဲ့တဲ့ရှီးထျန်အကြောင်းကို ကျွန်တော်တို့တွေအလျင်စလိုကောက်ချက်ချလို့မရဘူး...."
![](https://img.wattpad.com/cover/300645271-288-k145510.jpg)
YOU ARE READING
[COMPLETED] မြေခွေးရှစ်တိနှင့်ဗီလိန်ရှစ်ရှုန်း || ဘာသာပြန်
Historical FictionAuthor: ကျွေ့ယို့ဟောဖန် Total: 118Chapters+4Extras မိတ်ဆက်စာသား: "ဇာတ်ကြောင်းပြန်လည်ရေးသားပြီးသော် အဓိကဇာတ်ဆောင်ရောင်ဝါကားပြန်ရောက်လာခဲ့ပေ၏။" အဓိကဇာတ်ကောင်: ရှုလင်ကျား|| မင်းသား: ကျင်းဖေးထုန်။ This is just a fan translation. I translated this from C...