5.2K 958 20
ကျင်းဖေးထုန်စမ်းသပ်ပြောလိုက်သည်။
"မင်းကအရမ်းချစ်ဖို့ကောင်းတယ်လို့ကိုယ်ထင်တယ်။"
___________________________________________
သူသည်အတွင်းရေးကိစ္စများကိုဖြေရှင်းရန်အလျင်လိုနေသည်မို့ ချန်နဥ်မှာလူတိုင်းထွက်သွားသည်ကိုမစောင့်တော့ဘဲ အလျင်စလိုအဝေးထွက်သွားကာ အမျိုးမျိုးသောဂိုဏ်းမှကျင့်ကြံသူများကိုပြန်ပို့ရန်နှင့် အနားယူရန်အတွက် မြေခွေးလူသားများကိုတာဝန်ပေးခဲ့သည်။
လူအုပ်မှာတ​ဖြည်းဖြည်းချင်းလူစုခွဲသွားတော့သည်။ လူတိုင်းသည်လမ်းမပေါ်တွင်လမ်းလျှောက်နေကြရင်း ခုနကဖြစ်ပျက်သွားခဲ့သမျှကိုစကားစမြည်ပြောနေကြကာ ကျန်းရွေ့၏မ​ကောင်းကြောင်းများကိုပြောကြသည်။
တကယ်တမ်း၌မူ၊ ရှုလင်ကျားတိုက်ကွက်ထုတ်သုံးလိုက်ကတည်းက ကျင်းဖေးထုန်ကရောက်နေပြီးသားပင်။ သို့သော် သူရှေ့တိုးကာအနှောင့်အယှက်မပေးဘဲ အဝေးရှိသစ်ပင်အောက်တွင်ရပ်ကာ အခြေအနေတိုးတက်လာသည်ကိုကြည့်နေမိသည်။
ကျင်းဖေးထုန်သည်သူ၏မြင့်မားသောအဆင့်အတန်းကိုဖုံးကွယ်ထားလေ့မရှိပေမဲ့ သူ့တွင်အလွန်ထူးဆန်းသောအရည်အချင်းရှိ၏။ သူကားအခြားသူများရှေ့တွင်မပေါ်လာချင်သည့်အခါ၊ သူ့ကိုလူတိုင်းသတိမထားမိအောင်လုပ်နိုင်စွမ်းရှိပြီး သူစကားပြောချင်သည့်အခါ၌မူ သူကမည်သူ့ထံကမျှလျစ်လျူရှုခြင်းခံရလိမ့်မည်မဟုတ်။
အသွင်မပြောင်းရသေးသည့်မြေခွေးလေးနှစ်ကောင်ဟာ ကျင်းဖေးထုန်နှင့်သိပ်မဝေးသောနေရာတွင်ဆော့ကစားနေကြပြီး ထိုဆွေးနွေးချက်များအားလုံးဟာ သူ့နားထဲဝင်ရောက်လာခဲ့သည်။
မတော်တဆပြင်းထန်သောဒဏ်ရာ၊ ကျင်းရွေ့၏မကောင်းသတင်း၊ ရိလင်၏လီဆယ်ပြောဆိုမှု၊ ဟယ်ဇီကျိုး၏ဘက်လိုက်မှု...
ဤကား ရှုလင်ကျားတစ်ယောက်တောင်ထွတ်ပေါ်ကဆင်းလာပြီး ပြန်မသွားချင်ရသည့်အကြောင်းရင်းအစုံအလင်ကို ကျင်းဖေးထုန်ရှင်းလင်းစွာကြားရသည့်ပထမဆုံးအကြိမ်ပင်။
နှစ်ဦးသားသည်အချိန်အတော်ကြာအဆက်အဆံမရှိသော်လည်း ရှုလင်ကျားကအကြင်နာတတ်ဆုံးလူတစ်ယောက်ဟု ကျင်းဖေးထုန်မြင်ရရန်လုံလောက်ပေသည်။
[COMPLETED] မြေခွေးရှစ်တိနှင့်ဗီလိန်ရှစ်ရှုန်း || ဘာသာပြန်Onde histórias criam vida. Descubra agora