5.1K 956 35
"သူရှုလင်ကျားကိုမျက်နှာချင်းဆိုင်နေသရွေ့ သူ့နှလုံးသားမှာမက်မွန်ပွင့်လွှာအဖြစ်ပြောင်းလဲသွားရကာ သူမနေနိုင်ဘဲပျော့ပြောင်းစွာအသက်ရှုလိုက်မိသည်။"
.....
ကွေ့ရီဂိုဏ်းနှင့်လင်ရှောင်းဂိုဏ်းကြားရှိပဋိပက္ခထဲတွင် မည်သူကမျှအခွင့်မသာလိုက်ပေ။ နှစ်ဖက်စလုံးရှိဒဏ်ရာများအရ ကျန်းရွေ့၏ဓားမှာရုတ်တရက်ပေါက်ကွဲသွားပေမဲ့ ကွေ့ရီဂိုဏ်းကလူများဟာလည်းအပြင်းအထန်ဒဏ်ရာရသွားသည်ဟုတွက်ချက်၍ရသည်။
ကွေ့ရီဂိုဏ်းချုပ်ကျင်းချီရှန်းကား အခြားသောအရေးကြီးကိစ္စများလုပ်ဖို့ရှိသည်မို့ နန်ဇီတောင်ထွတ်ပေါ်မလာခဲ့ပေ။ မည်သို့ပင်ဖြစ်စေ၊ ဤပဋိပက္ခကားအစကတည်းကတပည့်ဂိုဏ်းသားများကြားရှိကိုယ်ရည်ကိုယ်သွေးစမ်းသပ်မှုဖြစ်သည်။ အကယ်၍ အကြီးအကဲများဝင်ပါလိုက်မည်ဆိုလျှင် အခြေအနေတစ်ခုလုံးမှာပြောင်းလဲသွားလိမ့်မည်။
ထို့ကြောင့် ဟယ်ဇီကျိုးမှာအစကအဆုံးထိဘာမှမဆိုဘဲ သူ့တပည့်များနှင့်အတူထွက်သွားကာ ကျိုးချင်းချန်ဟာလည်းခုနကရိုင်းစိုင်းသောအရာကို စုံစမ်းစစ်ဆေးဖို့မရည်ရွယ်ထားပေ။
ဟယ်ဇီကျိုးထွက်သွားပြီးနောက်၊ သူဟာချီကွမ်းယာ၏ဒဏ်ရာကို စိတ်အားထက်သန်စွာသွားရောက်ကြည့်ရှုသည်။
ကွေ့ရီဂိုဏ်းသားများကအရမ်းကိုသတိထားကာ ပြောလာသည်။
"မနှောင့်ယှက်ပါနဲ့၊ အကြီးအကဲ။"
ကျိုးချင်းချန်ကဆိုသည်။
"မနှောင့်ယှက်ပါဘူး၊ မနှောင့်ယှက်ပါဘူး၊ ဒီဒဏ်ရာကကုရလွယ်ပါတယ်ကွ။"
သူကထိုသို့ပြောရင်းဖြင့် သူ့လက်ကိုဆန့်ကာ မမျှော်လင့်ထားစွာဖြင့် ချီကွမ်းယာကိုပြင်းထန်စွာဆွဲဆိတ်ပစ်လိုက်သည်။
လင်းယွဲ့မှာ၎င်းကိုတားဖို့အချိန်မရှိလိုက်ဘဲ သူ၏ရှစ်တိတစ်ယောက်အဆိပ်ခတ်ခံလိုက်ရသည်ကိုရပ်ကြည့်နေရသည်။
"ကျိုးဂိုဏ်းချုပ်။"
ကျိုးချင်းချန်လက်ရုတ်လိုက်ရာ ချီကွမ်းယာမှာအော်သံနှင့်အတူနိုးလာသည်။
[COMPLETED] မြေခွေးရှစ်တိနှင့်ဗီလိန်ရှစ်ရှုန်း || ဘာသာပြန်حيث تعيش القصص. اكتشف الآن