!unicode!
ဟယ်ဇီကျိုး၏စကားများကိုနားထောင်ပြီးနောက် ကျင်းဖေးထုန်ပြောသည်ကိုကြားလိုက်ရပြန်ရာ သူ့နားမှာဆေးကြောခံလိုက်ရသည့်အလား ရှုလင်ကျားခံစားလိုက်ရသည်။
သူတက်ကြွသွားကာပြောမိသည်။
"ဟုတ်တယ်၊ ကျွန်တော်လည်းအရမ်းအံ့သြနေတာ။ ပြီးတော့ ရှစ်ရှုန်းသိလား။ သူ့ကိုယ်ထဲမှာမိစ္ဆာစွမ်းအင်ရှိတယ်။"ဤသည်ကားကျင်းဖေးထုန်ပထမဆုံးအကြိမ်ကြားဖူးခြင်းဖြစ်ရာ သက်ာမကင်းဖြစ်စွာမေးမိသည်။
"မိစ္ဆာစွမ်းအင်? မိစ္ဆာအတွင်းစိတ်လား။""မိစ္ဆာအတွင်းစိတ်မဟုတ်ဘူး။" ရှုလင်ကျားခေါင်းခါကာပြောလိုက်သည်။ "မတူဘူး။"
သူတွေးလိုက်သည်။
"ဥပမာပြောရရင် အစ်ကို့မှာလည်းမိစ္ဆာအတွင်းစိတ်ရှိတယ်။ အစ်ကို့ရဲ့မိစ္ဆာအတွင်းစိတ်ထကြွလာတုန်းက ကျွန်တော်မြင်ဖူးတယ်လေ၊ အစ်ကိုကထိန်းချုပ်မှုလွတ်သွားပြီးတော့မိန်းမောနေရုံပဲ။ အစ်ကို့ရဲ့စွမ်းအားကိုမတိုးစေဘူး။ အများဆုံးအစ်ကို့ကိုစိတ်ခံစားလွယ်အောင်လုပ်ရုံပဲ။ အခုကအခြားသူတွေနဲ့တိုက်ခိုက်ရာမှာပိုပြီးတော့အကြင်နာတရားကင်းမဲ့သွားတာ။""ဒါပေမဲ့ ဟယ်ဇီကျိုးရဲ့လှုပ်ရှားမှုတွေကတကယ်ဆန်းကြယ်တယ်။ သူ့အခြေအနေကတစ်မျိုးပဲ။"
ကျင်းဖေးထုန်မျက်မှောင်အသာကြုတ်ကာပြောမိသည်။
"သူ့လုပ်နိုင်စွမ်းနဲ့ဆိုရင် သိပ်ကိုအံ့အားသင့်စရာပဲ။"ရှုလင်ကျားသူ့ကိုတစ်ချက်လှမ်းကြည့်ကာ လှောင်ပြုံးတစ်ပွင့်နှင့်ပြောလိုက်သည်။
"ကျင်းအရှင်၊ အစ်ကိုရဲ့လျင်မြန်တဲ့တွေးခေါ်ပုံမျိုးနဲ့ ဘယ်လိုလုပ်ပြီးတော့ကျွန်တော်ဘာပြောတော့မလဲဆိုတာမစဥ်းစားနိုင်ရတာလဲဗျာ။ ကျွန်တော်ပြောပြမယ်။"သူလက်နောက်ပစ်ကာခြေနှစ်လှမ်းရှေ့တိုးလိုက်ပြီးနောက်မြဲမြံစွာရပ်လိုက်သည်။
"အရင်တုန်းက ဇုန်ဝူရှင်းကိုချိပ်ပိတ်ထားတဲ့နေရာကဗလာကျင်းနေခဲ့တယ်၊ ရှစ်ရှုန်းကကိုယ်တိုင်သွားစစ်ဆေးကြည့်ခဲ့တာ။ အခြားသူတွေကနားထောင်ပြီးနောက်ပိုင်းမှာအရမ်းစိတ်ပူသွားပြီးတော့ ယန်ယွီကိုနေရာအနှံ့လိုက်ရှာခဲ့ပေမဲ့ ဟယ်ဇီကျိုးကိုကြည့်ရတာ ဇုန်ဝူရှင်းပြန်ပေါ်လာမှာကိုအရင်ထဲကကြိုတင်သတိထားနေသလိုပဲ။"
YOU ARE READING
[COMPLETED] မြေခွေးရှစ်တိနှင့်ဗီလိန်ရှစ်ရှုန်း || ဘာသာပြန်
Historical FictionAuthor: ကျွေ့ယို့ဟောဖန် Total: 118Chapters+4Extras မိတ်ဆက်စာသား: "ဇာတ်ကြောင်းပြန်လည်ရေးသားပြီးသော် အဓိကဇာတ်ဆောင်ရောင်ဝါကားပြန်ရောက်လာခဲ့ပေ၏။" အဓိကဇာတ်ကောင်: ရှုလင်ကျား|| မင်းသား: ကျင်းဖေးထုန်။ This is just a fan translation. I translated this from C...